Five

963 175 2
                                    

Ianက သူ့မိသားစုငယ်လေးအတွက် French toastလုပ်ကျွေးရန် နိုးထလာသော နံနက်ခင်းအချိန်အခါလေးဖြစ်၏။

သူနှင့် Chenyi၏ဆက်ဆံရေးမှာ လွန်ခဲ့သောရက်ပိုင်းမှာပင် ပိုမိုကောင်းမွန်လာခဲ့သည်။ အိမ်ထောင်သည်တွေအကြားမရှိသင့်သော အသံတိတ်စက်ဆုပ်မှုနှင့် မုန်းတီးမှုတွေ၊အေးစက်သော ဥပေက္ခာတရားတို့မှာလည်း အလျင်းမရှိတော့ပေ။   (ကောင်းပြီ ဒါကိုဘယ်ကသိတာလဲဆိုတော့။ သူ့အရင်ဘဝက သူ့ပတ်ဝန်းကျင်မှာ အိမ်ထောင်ရှင်စုံတွဲတွေ အများကြီးမရှိဘူး၊ ဘယ်သူနဲ့မှ အိမ်ထောင်မပြုဖူးတဲ့ သူတွေနဲ့ သူ့မိဘစုံတွဲကိုတော့ အကြိမ်အနည်းငယ်သာတွေ့ဖူးလိုက်၏။) ဒါပေမယ့် မမြင်ဖူးတာထက်စာရင် ပိုကောင်းတယ်မဟုတ်လား။

ဟင်းချက်ပြီး ပန်းကန်ပြားပေါ် မှာ အစားအသောက်တွေ အကုန်ပြင်ဆင်ပြီးတော့ အိမ်အကူတစ်ယောက်က သူ့ဆီလာပြီး
“အမ် သခင်လေး Ian  မစ္စတာEthanက သခင်ကြီး Chenyiကိုတွေ့ဖို့ ရောက်နေပါတယ်။"

Ian က သူမဘက်သို့လှည့်လိုက်ပြီး စိတ်ထဲတွင် ရှုပ်ထွေးနေ၏။  Ethan က ဘယ်သူလဲဆိုတာ သူ သိသင့်သလား?။Ian သူ့ကိုအရင်တွေ့ဖူးပါသလား?  သူ့အတွေးတွေကိုဖျောက်လိုက်ကာ ခေါင်းငြိမ့်လိုက်ပြီး
“သူ့ကို ဧည့်ခန်းမှာ ထိုင်ခိုင်းထားပြီး ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည် ပေးထားလိုက်နော်...  ငါ Chenyi သွားခေါ်ပေးမယ်"

အိမ်အကူက ခေါင်းငြိမ့်ပြပြီး Ianပြောတဲ့အတိုင်း လုပ်လိုက်၏။French Toastကို စားပွဲပေါ်တင်ပြီး Chenyi၏အခန်းသို့ မသွားမီ သက်ပြင်းချလိုက်သည်။အခန်းသို့ရောက်တော့ တံခါးခေါက်လိုက်သည်။

“ဘာကိစ္စလဲ”
တံခါးနောက်ကနေ ခင်ပွန်းဖြစ်သူရဲ့ အသံထွက်လာ၏။

Ianက
"မင်းကိုတွေ့ဖို့ တစ်ယောက်ယောက်ရောက်လာတယ်။  အိမ်အကူကို ဧည့်ခန်းထဲမှာ စောင့်ဖို့ပြောခိုင်းထားတယ်။”  ဟုတိုးတိုးလေးဖြေလိုက်သည်။

အလုပ်သွားဖို့ အသင့်ဝတ်စားပြီးနေသောChenyiက တံခါးနောက်ပေါ်ထွက်လာခဲ့သည်။သူက  Ian၏ညအိပ်ဝတ်စုံဝတ်ထားသော ခန္ဓာကိုယ်လေးနဲ့ ပျော့ပျောင်းကာ ရှုပ်ပွနေတဲ့ခေါင်းကဆံပင်တွေကို နူးညံ့စွာကြည့်လိုက်သည်။

Baby Momma(MM Translation)Where stories live. Discover now