One

1.3K 202 8
                                    


ဒီကောင်လေးက သူ့ကလေး။

သူ့ကလေး။

သူ့ကလေး။

သူ့နာမည်က Cheng Wenduo။






ပြီးတော့ဒါက သူ့ကလေးတဲ့။

အရာအားလုံး နားလည်သွားပြီးနောက် သူခံစားရတဲ့ခံစားချက်ကိုဘယ်သူမှနားလည်နိုင်မှာမဟုတ်ဘူး။ဟက် ၊သူကိုယ်တိုင်သေချာရှင်းမပြတတ်ဘူး။ နွေးထွေးခဲ့တာကလွဲလို့ပေါ့။အဲ့နွေးထွေးမှုလေးက တစ်ကိုယ်လုံးကို ပျံ့နှံ့လာသလိုပဲ။

“Duo er …”
သူ တီးတိုးရေရွတ်ရင်း ရင်ခွင်ထဲဆွဲသွင်းလိုက်၏။

(Duo erဆိုတာ ချစ်စနိုးလေးနဲ့ခေါ်တာပါ)


ကလေးလေးက သူ့ပါးပါးရဲ့ပွေ့ဖက်မှုမှာတောင့်တင်းသွားသည်။

Ian အပျော်လုံးစို့နေတုန်းမှာ သားဖြစ်သူရဲ့ရှိုက်သံလေးကို ကြားလိုက်ရတော့ ဖက်ထားတာကိုဖယ်လိုက်ရသည်။
(rebirthဖြစ်ပြီးပြီဆိုတော့ Ianနာမည်နဲ့သုံးသွားပါပြီနော်)

"ဘေဘီ ဘာဖြစ်လို့လဲ?တစ်ခုခုဖြစ်လို့လား ဟင်?"
Ian စိုးရိမ်တကြီး မေးလိုက်၏။

ကောင်လေးက ခေါင်းလေးယမ်းကာ ရှိုက်သံပိုထွက်လာတော့ သူ့ပါးပါးက ကုတင်ဘေးကစားပွဲဆီမှ လက်ကိုင်ပုဝါလေးယူကာ မျက်ရည်လေးတွေကိုသုတ်ပေးလိုက်သည်။

"နောက်ဆုံးတော့ ပါးပါး သားကိုဖက်ပြီဆိုပြီးအရမ်းပျော်သွားလို့ပါ ပါးပါး"

Ian ဒီစကားကိုကြားရတော့ ထိတ်လန့်သွားသည်။နောက်တော့ သူ့ရဲ့သနားစရာကလေးလေးကို တကယ့်Ianအစစ်က လျစ်လျူရှူထားတာကို သဘောပေါက်သွားတော့ အပြစ်ရှိသလိုခံစားရပြီးဝမ်းနည်းလာ၏။

သူ့ကို အလန့်တကြားကြည့်နေတဲ့ဘေဘီလေးကို အနမ်းလေးမပေးခင် သူ့နှုတ်ခမ်းကိုသူကိုက်လိုက်၏။

"စိတ်မပူနဲ့ ဘေဘီ!ခုကစပြီး ဘေဘီ့သဘောကျ အများကြီး ပွေ့ဖက်ပေးတော့မှာမလို့"


Wenduo သည် သွားလေးပေါ်အောင်ပြုံးရင် သူ့ပါးပါးလက်မောင်းတွေကြား ပြန်တိုးဝှေ့လိုက်ပြီ အသစ်တစ်ဖန် စီးကျလာသော မျက်ရည်စများက သူ့ပါးပါးညဝတ်အင်္ကျီကို စိုရွှဲသွားစေ၏။

Baby Momma(MM Translation)Where stories live. Discover now