Four

1K 178 1
                                    

Ianက အရင်ဘဝတုန်းကဆို စနေနေ့တိုင်း အပြင်ထွက်လေ့ရှိသည်(အမ် ဆေးရုံမတက်ခင်တုန်းကပေါ့)။အပြင်ထွက်ကာ ရှူခင်းလှတဲ့နေရာတွေကိုသွားကြည့်တတ်သည်။တစ်ခါတစ်လေ သူ့အတန်းက ပြင်ပလေ့လာရေးထွက်လို့ သိပ်နောက်မကျဘူးဆိုရင် သူလည်းလိုက်သွားတတ်သည်။အခု သူ Wenduoနဲ့အတူ အပန်းဖြေဥယျာဉ်ဆီသွားရန် စီစဉ်နေ၏။သို့သော် သူ့သားရဲ့ အဖေဖြစ်သူကို ရုတ်တရက်သတိရသွားသည်။

Ian သက်ပျင်းတစ်ချက်ချကာ နှုတ်ခမ်းစူရင်း သူ့ရဲ့'ခင်ပွန်း'ဆိုသူရဲ့ အခန်းကိုသွားလိုက်သည်။ဟိုတစ်ခါစကားများပြီးထဲက သူတို့နှစ်ယောက်ဆက်ဆံရေးဟာ အနည်းငယ်ကို့ရို့ကားယားဖြစ်နေ၏။သူတို့နှစ်ယောက်စလုံးမှာ သားအတွက်သာ ပြောဆိုကြပြီး ကျန်သည့်အချိန်ဆို တစ်ယောက်နှင့်တစ်ယောက် ဝေးဝေးရှောင်ကြ၏။

သူလျှောက်ရင်းနှင့်ပင် Cheny၏အခန်းတံခါးရှေ့ကိုရောက်တော့ လက်မြှောက်ကာ တံခါးခေါက်လိုက်သည်။
"အမ် Chenyi?  ငါ Wenduo ကို အပန်းဖြေဥယျာဉ်ကို ခေါ်သွားမလို့  ငါ… ငါတို့နဲ့ လိုက်ချင်လား”  Ian သည် နှုတ်ခမ်းကိုကိုက်ကာ စိတ်လှုပ်ရှားနေတာကြောင့် ခြေဖျားထိပ်လေးနှစ်ခုကိုပွတ်တိုက်နေမိ၏။

သူ ခဏတာတိတ်ဆိတ်သွားပြီး စောင့်နေခဲ့သည်။ထို့နောက် သက်ပြင်းချကာ လှည့်ထွက်ဖို့ကြံနေတုန်း တံခါးပွင့်လာ၏။  Chenyiဆိုတဲ့ သူ့အမျိုးသားက သွားဖို့အဆင်သင့်ဖြစ်နေတာကိုကြည့်ပြီး မျက်လုံးများပြူးကျယ်သွားတော့သည်။

မျက်လုံးကလယ်ကလယ်လုပ်ရင်း ထိုလူရောဟုတ်မှဟုတ်ရဲ့လားဆိုတာကိုကြည့်ရင်း- “ငါ့နောက်လိုက်ခဲ့” ဟူသောအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

သူနဲ့သူ့ယောကျာ်းတို့ အိမ်တံခါးဝနားရောက်တော့ Wenduoလေးကနောက်ဆုံးရှူးဖိနပ်ကိုစီးဖို့ပြင်နေ၏။

“လာ..duo er  ပါးပါးကူစီးပေးမယ်။”  ဟုပြောပြီး Ianက ကူပေးရန် ငုံ့လိုက်တော့

“ရတယ် ပါးပါး!သားမလုပ်နိုင်တော့တဲ့ကိစ္စတွေကျမှသာ ပါးပါးကူပေးနော်။  ဒါပေမယ့် အဲ့လိုမျိုးတွေမရှိစေရဘူးလို့ သားသားကတိပေးတယ်။ပါးပါး ဂုဏ်ယူရအောင် သားသားလုပ်နိုင်ရမယ်။”  ဟု Wenduoလေးက ဖိနပ်စီးရာမှာအာရုံစိုက်နေသောကြောင့် လျှာတစ်လစ်လေးသပ်ကာ ပြောလိုက်၏။

Baby Momma(MM Translation)Where stories live. Discover now