Part-7🤎

3.6K 136 0
                                    

ရှိန်းထွက်သွားတာ ကြာနေပြီမို့ မုန်းပါ အပြင်ကိုထွက်ခဲ့လိုက်​၏။ မုန်းက ရှိန်းနဲ့ ပိုပြီး ရင်းနှီးချင်၍သာ ဒီညစာစားပွဲကို ဒက်ဒီ့ကို စီစဉ်ခိုင်းလိုက်ရသည်။ ရှိန်းဆီက ပြန်ရလိုက်တာက လျစ်လျူရှုခြင်းတွေပင်...။

"ရှိန်း.."

အခန်းထဲကထွက်ထွက်ချင်း ရှိန်းကို ကောင်မလေးတစ်ယောက်နဲ့ လျှောက်လာတာ မြင်လိုက်ရတော့ မုန်းစိတ်ထဲက မနာလိုမှုတွေက မျက်နှာမှာ သိသိသာသာပေါ်လာသည်။

မုန်းကို မြင်တော့ သူမက သူ့ကို နှုတ်ဆက်လိုက်သည်။

"ဦး....နွေဦး သွားတော့မယ်နော်"

သူက ခေါင်းညိတ်ရုံသာ ညိတ်ပြပြီး မုန်းကိုကျော်ကာ အခန်းထဲဝင်သွားသည်။ မုန်းဘေးက ဖြတ်သွားတော့မဲ့ သူမရှေ့မှာ မုန်း ပိတ်ရပ်လိုက်ပြီး...

"မင်းက ရှိန်းနဲ့ ဘယ်လိုပတ်သတ်တာလဲ"

သူမရှေ့မှာ လက်ပိုက်ကာရပ်နေသော လှပလွန်းတဲ့ မုန်းကို သူမစိတ်ထဲ သူနဲ့ လက်ထပ်မယ်လို့ သတင်းထွက်နေတဲ့သူလို့ ထင်သွား​၏။

"နွေဦးက ဦးနဲ့ ဒီတိုင်းပဲ ခင်တာပါ"

"ခင်တာထက် ပိုမလာဖို့ တို့မျှော်လင့်တယ်"

မျက်နှာထားတင်းတင်းနဲ့ပြောပြီး ထွက်သွားသော မုန်းကိုကြည့်ပြီး သူမစိတ်တို့ ဝမ်းနည်းကာ ကျန်ခဲ့​၏။

"ဦး တစ်ကယ်ပဲ လက်ထပ်တော့မှာလား"

"သမီး...ဘာလုပ်နေတာလဲ ပြန်ရအောင်လေ"

"ဟုတ် လာပြီ မေမေ"

အပြင်ထွက်လာတာ ကြာနေလို့ထင်သည်။ မေမေက စိတ်မချစွာလိုက်လာပြီး ခေါ်မှ မေမေ့နောက်ကလိုက်ခဲ့လိုက်​​၏။

____________________________

"နွေဦးမ....ဖုန်းမကိုင်ပြန်ဘူး"

ပန်တစ်ယောက် နွေဦးကို ဖုန်းခေါ်ရင်း စိတ်ပူနေမိသည်။ မနေ့ညကတည်းက ခေါ်နေတာ အခုထိ မကိုင်...။ ကျောင်းထဲဝင်လာရင်း သူမကိုများ တွေ့မလားဟု လိုက်ရှာမိနေသေးသည်။

"ဗွမ်း...."

ရုတ်တရက် အရှိန်နဲ့မောင်းလာသော ကားတစ်စီးက ပန့်ဘေးက ရေအိုင်ကို နင်းဖြတ်သွားသည်။

တိတ်တခိုး ချစ်ရသော....❤️ Where stories live. Discover now