Extra Part ❤️

6.3K 144 17
                                    

မရောက်ဖြစ်တာကြာတဲ့ နွေဦးတို့ အိမ်ထဲကို ပန် ဝင်ခဲ့တော့ နံရံထက်မှာ နှစ်ယောက်တွဲ ဓါတ်ပုံတွေက အပြည့်နေရာယူထားသည်။ ဘွဲ့ဓါတ်ပုံထဲမှာတော့ သူမက လှပစွာ ပြုံးနေပြီး သူ့လက်မောင်းကို တွဲထားကာ သူ့မျက်လုံးတွေက သူမကို ကြင်နာစွာ ကြည့်လျက်...။

"နွေဦး တစ်ကယ်ပျော်နေတာပဲ"

ဘွဲ့ရပြီးကတည်းက ပန်က နိုင်ငံခြားကို ထွက်သွားခဲ့တာကြောင့် နွေဦးနဲ့ မတွေ့ဖြစ်တာ ၄နှစ်ကျော်ကျော်လောက် ရှိနေပြီပင်...။

ဧည့်ခန်းက ဆိုဖာမှာ ဝင်ထိုင်ရင်း စားပွဲပေါ်မှာ တင်ထားတဲ့ သူမတို့ သူငယ်ချင်းသုံးယောက်ပုံကို မြင်တော့ မာန့်ကို သတိရမိသည်။

"အား....ကိုကိုရေ ဒီမှာ ကိုကို့သားငယ် ဆိုးနေတယ်"

အပေါ်ထပ်က သူမ အသံကြားတော့ ပန် ပြုံးမိသည်။ မောင်ထွန်းက ပန့်ရှေ့ ကော်ဖီခွက်ကို ချပေးရင်း...

"မမလေးတို့ သားသားတို့ကို ရေချိုးပေးနေတာ နေမှာ၊ ခဏ စောင့်ပါဦး၊ ကျွန်တော် သွားပြောပေးပါ့မယ်"

"ဟုတ် ရပါတယ် ကိုထွန်း၊ ပန် စောင့်နေလိုက်ပါ့မယ်"

•••••••••••••••••••••••••••••••

"သားငယ်...မေမေ့ကို ဘာဆိုးတာလဲ"

"ဒီမှာလေ ရေချိုးပေးမလို့ကို နွေဦးကို ရေနဲ့ပက်ပြီး ထွက်ပြေးနေတယ်"

သူက သားငယ်လေးကို ကောက်ပွေ့လိုက်ကာ ပါးလေးကို နမ်းရှုံ့ရင်း...

"မေမေ့စကား နားထောင်ရမယ်လေ သားငယ်၊ ဟိုမှာ ညီမလေးတောင် ရေချိုးနေပြီ၊ ဘယ်လောက်လိမ္မာလဲ"

သားငယ်လေးက သူ့ညီမလေးကို တစ်လှည့် သူ့ကိုတစ်လှည့် ကြည့်နေ​၏။

"လာ မေမေ့နားလာ၊ မေမေတို့ ရေချိုးပြီးရင် အပြင်သွားမှာလေ၊ သားလိုက်မှာမလား"

"ကစားကွင်း သွားမှာလား မေမေ"

မပီကလာပီကလာ အသံလေးနှင့် သမီးလေးက လှမ်းမေးတော့ သူက ပြုံးရင်း....

"ဒါပေါ့ သမီးရဲ့၊ သမီးတို့ကို ကစားကွင်းလိုက်ပို့မှာမို့လို့ ဖေဖေက ဒီနေ့ ရုံးတောင်မသွားဘူး"

တိတ်တခိုး ချစ်ရသော....❤️ Where stories live. Discover now