Part-11💓

3.4K 114 0
                                    

မုန်းတစ်ယောက် နာရီကို ကြည့်လိုက် ဆိုင်အပြင်ကို ငေးလိုက်နှင့် အလုပ်ရှုပ်နေသည်။ ကိုယ့်ကို အမြဲရှောင်နေတတ်တဲ့ ရှိန်းက အခု သူမနဲ့တွေ့ချင်သည်တဲ့လေ...။ တစ်ယောက်တည်းတွေးကာ ပြုံးလိုက်ပြီး ဘေးမှာချထားတဲ့ အိတ်ထဲက မိတ်ကပ်ဘူးလေးနှင့် နှုတ်ခမ်းနီကို ဆွဲထုတ်ကာ နှုတ်ခမ်းပေါ် အရောင်ထပ်တင်လိုက်သည်။

ကော်ဖီဆိုင်လေးထဲမှာ လူသိပ်မရှိတာမို့ တိတ်ဆိတ်နေ​၏။ ကောင်တာကဖွင့်ထားတဲ့ အချစ်သီချင်းကို တိုးတိုးလေး လိုက်ညည်းရင်း အပြင်ကို ငေးလိုက်တော့ ကားပေါ်ကနေ သူက ဆင်းလာနေသည်။

"ရောက်လာပြီလား ရှိန်း၊ ဘာသောက်မလဲဟင်"

"ကျွန်တော် မင်းကို ပြောစရာရှိလို့ လာတာ မုန်းပန်းဝေ"

"ပြောပါဦး ရှိန်းက မုန်းကို ဘာတွေပြောစရာရှိလို့လဲ"

မုန်းက ကော်ဖီကို ငုံ့သောက်ရင်း သူပြောမဲ့စကားကို နားစွင့်နေသည်။

"မင်း ကျွန်တော့် ကိစ္စတွေကို ဝင်မပါရင်ကောင်းမယ်"

သူ့စကားကို မုန်း သဘောကျစွာပြုံးရင်း...

"ဘာလဲ..ဟိုကလေးမလေးက ရှိန်းကို တိုင်လိုက်တာလား"

သူက မုန်းမေးခွန်းကို မဖြေပဲ အပြင်ဘက်ကို လှမ်းငေးနေသည်။

"ဘာပဲဖြစ်ဖြစ် မုန်း ဝင်ပါရမယ်ထင်လို့လေ ရှိန်းရဲ့၊ မုန်းတို့ လက်မထပ်ခင် ဒီလို သတင်းတွေထွက်နေတာ မုန်းမကြိုက်လို့"

"အဲ့ဒီကိစ္စက ဖြစ်လာမှာမဟုတ်ဘူး"

"ရှိန်းက မုန်းနဲ့လက်မထပ်ဘူးလို့ ဆုံးဖြတ်ပြီးပြီလား"

"ဆုံးဖြတ်စရာမလိုတဲ့ ကိစ္စပဲ"

"အဟင်း...ရှိန်းက ရှိန်း အန်ကယ်ရဲ့စကားကို လွန်ဆန်နိုင်မှာလားဆိုတာ မုန်း သိချင်လိုက်တာ"

မုန်းစကားကြောင့် သူဒေါသထွက်သွားသည်။ မုန်းကို ကြည့်လိုက်တော့ သူ့အားနည်းချက်ကို သိထားတဲ့ပုံနှင့် သူ့ကို ပြုံးပြီး ကြည့်နေ​၏။ သူက ကိုယ့်စိတ်ကိုယ် ပြန်ထိန်းရင်း....

တိတ်တခိုး ချစ်ရသော....❤️ Where stories live. Discover now