Part-13💞

3.3K 125 2
                                    

"နွေဦး..."

မာန်ခေါ်နေတာကို မကြားပဲ သူမ အတွေးတွေ ပျံ့လွင့်နေ​၏။

"နွေဦး"

မာန်က ပခုံးပုတ်ကာ နောက်တစ်ခေါက်ခေါ်လိုက်မှ မော့ကြည့်လာသည်။

"ဘာတွေ တွေးနေတာလဲ"

"ဘာမှ မတွေးပါဘူး..."

သူမဘေး ဝင်ထိုင်းပြီး သူမကို သေချာကြည့်လိုက်မှ မျက်ကွင်းတွေညိုကာ မျက်နှာက သိသိသာသာ ချောင်ကျသွားမှန်း သတိထားမိသည်။

"နွေဦး..နင်နေမကောင်းဘူးလား၊ ဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ပါဘူး၊ ငါနေကောင်းပါတယ် မာန်ရဲ့"

"ငါ့ကို ဘာမှမဖြစ်ဘူးလို့ လာမပြောနဲ့၊ နင့်ကိုယ်နင်ပြန်ကြည့်ဦး၊ လူမမာရုပ်ပေါက်နေပြီ"

မာန့်စကားကို သူမ ယဲ့ယဲ့လေး ပြုံးရင်း သက်ပျင်းချသည်။ မာန်က စိတ်မရှည်စွာ စုတ်သပ်ရင်း...

"နင် အခုတလော ငါနဲ့ပန့်ကို ရှောင်နေမှန်း သိတယ်၊ ဘာပြဿနာရှိလို့လဲ ပြော"

"ဒီအတိုင်းပဲ ငါတစ်ယောက်တည်း နေချင်လို့ပါ မာန်ရယ်၊ ငါ့ကို မေးခွန်းတွေ မမေးပါနဲ့လား"

"အေး..နင် တစ်ယောက်တည်းပဲ နေလိုက်၊ ဘာဖြစ်ဖြစ် ငါ့ကိုလဲ လာမတိုင်ပင်နဲ့၊ ငါက နင့်အတွက် အရေးမပါဘူး"

ဒေါသထွက်စွာ ပြောပြီး မာန် သူမနားက ထွက်လာခဲ့သည်။ သူမ အခုတလော ပြောင်းလဲသွားသည်ဟု မာန့်စိတ်ထဲခံစားရသည်။ ဟိုလူနဲ့ စပြီး ပတ်သတ်ကတည်းကပင်...။

စကားပြောနေရင်း စိတ်ဆိုးစွာ ရုတ်တရက် ထထွက်သွားသော မာန့်ကို သူမ နားမလည်နိုင်စွာ ငေးနေမိသည်။ ဘာကို စိတ်ဆိုးသွားမှန်းမသိ...။ အခုတလော သူမ ကျောင်းလာပြီး အတန်းမတက်ဖြစ်...။ မာန်ပြောသလို သူတို့နှစ်ယောက်ကို ရှောင်နေမိသည်။ ဘယ်သူနဲ့မှ မတွေ့ချင်..။ မေမေကတော့ မူပျက်နေတဲ့သူမကို နားလည်သည်ထင်​၏။ ဘာမှမမေး..။

"ဦးကို တွေ့ချင်လိုက်တာ"

တိုးတိုးလေး ရေရွတ်ရင်း သူ့ကို သတိရမိသည်။ အချိန်တော်တော်ကြာတဲ့အထိ သူ့အကြောင်းတွေးနေရင်း တစ်ခုခုကို ဆုံးဖြတ်လိုက်ကာ နေရာမှ ရုတ်တရက် ထရပ်လိုက်သည်။ မိုက်ကနဲ ဖြစ်သွားတဲ့ ခေါင်းကြောင့် ဘေးက သစ်ပင်ကို လက်ထောက်ကာ ခဏ ငြိမ်နေလိုက်သည်။ အခုရက်ပိုင်း အစားသိပ်မစားဖြစ်သည်မို့ အားနည်းနေသည်ထင်​၏။ သူ သူမအပေါ် အထင်လွဲကာ ပစ်ပစ်ခါခါပြောပြီးကတည်းကပင်..။ တွေ့လည်းမတွေ့ဖြစ်တော့တာကြောင့် အများပြောသလို လွမ်းနာကျတာပဲလား မသိ...။

တိတ်တခိုး ချစ်ရသော....❤️ Where stories live. Discover now