1

942 71 47
                                    

(Unicode)

At Los Angeles,

"ဘယ်လို! ငါလုံးဝခွင့်မပြုနိုင်ဘူးနော်"

အိမ်တော်ထဲတွင်ဟိန်းထွက်သွားသောပြင်းရှသည့်အာဏာပါသည့်အသံ၊ ထိုသူမှာအခြားသူမဟုတ် အဖွားParkပင်ဖြစ်လေသည်။

"အမေ..အဖွားကိုပြောပေးပါဦးဗျာ"

ဂျီမင်းမှာအမေဖြစ်သူ၏လက်မောင်းလေးကိုဖက်ပြီးကပ်ချွဲလေးနဲ့နှုတ်ခမ်းလေးစူကာတောင်းဆိုလိုက်လေသည်။

"အမေလည်းမတတ်နိုင်ဘူးလေသားရယ် သားအဖွားခွင့်ပြုမှပေါ့..အမေလည်း​​ကြောက်တယ်ငါ့သားရဲ့.."

Mrs.Parkမှာ သားရဲ့အဖွားဖြစ်သူမိမိအမေကြားမည်စိုး၍ဂျီမင်းအနားသို့တိုးတိုးလေးကပ်ကာပြန်ပြောလိုက်လေသည်။

"ဒီလောက်ဝေးတဲ့ခရီးကိုငါဘယ်လိုခွင့်ပြုလိုက်ရမှာလဲ ငါ့​မှာဒီမြေးလေးတစ်ယောက်ဘဲရှိတာ"

"အမေကလည်းခွင့်ပြုလိုက်ပါ သားလေးက Koreaကိုဒီလောက်ပြန်ချင်နေရှာတာ..စိတ်မချရင်အမေလိုက်သွားလိုက်လေ"

"ဟဲ့ နင်ငါ့ကိုသေအောင်သတ်နေတာလား..တစ်နေ့ကမှငါလည်း New Yorkကပြန်ရောက်တာလေ..အခု Koreaကိုလိုက်သွားရမယ်ဆိုရင် ဒီအဖွားကြီးကအိုနေပါပြီ အဲ့လောက်ခရီးပန်းတာလည်းမခံနိုင်တော့ဘူး ကိုယ့်အမေကိုယ်ပြန်သတ်နေတာလား ပတ်ခ်ဟေရှင်း"

"အမေကလည်း သမီးကအဲ့လိုသဘောနဲ့ပြောတာမဟုတ်ပါဘူး..သားလေးကအရမ်းသွားချင်နေရှာတာကိုခွင့်ပြုပေးလိုက်ပါအမေရယ်.."

အဖွားParkမှာ မိသားစုထဲအာဏာအကြီးဆုံး၊အရှိဆုံးဖြစ်သည်။ သမီးနှင့်သားမက်ကတောင်သူမ၏စကားတစ်ခွန်းဆိုတစ်ခွန်းသာ။ မြေးဖြစ်သူပတ်ခ်ဂျီမင်းကိုတော့ တစ်ဦးတည်းသောမြေးလေးမလို့တုန်နေအောင်ချစ်ရှာသည်၊ ဂျီမင်းကလည်းသူ့အဖွားမကြိုက်လျှင်ဘာဆိုဘာမျှငယ်စဥ်တည်းကမလုပ်ခဲ့ချေ။ သူ့ကိုကြိုက်နေကြတဲ့တချို့ကောင်မလေးတွေဆို သူ့ကိုပြောနေကြသည်
" Grandmother's boy"တဲ့။ Mama's Boyတောင်မဟုတ်၊ Grandmother's boyဆိုတော့စဥ်းစားကြည့်လျှင် ပတ်ခ်ဂျီမင်းဟာအဖွားဖြစ်သူကိုတုန်နေအောင်​ကြောက်ရသည်ဆိုတာတွေးကြည့်ရုံနဲ့တင်သိနိုင်သည်။

𝗟𝗜𝗠𝗜𝗧𝗔𝗧𝗜𝗢𝗡𝗦  ||𝗬𝗠||Where stories live. Discover now