10

188 35 16
                                    

(Unicode)

"ဂျီမင်း...ဟိုနေ့ကဘာလို့သင်တန်းမလာတာလဲ မင်းမရှိတော့တစ်မျိုးကြီး"

သင်တန်းအခန်းထဲတွင် သူ့ကိုစိုက်ကြည့်ကာပြောလာသော ဗြောင်ဟွန်းရဲ့အကြည့်တွေကိုသူတကယ်မနှစ်မြို့ပါ။ခံစားချက်မကောင်းသလိုကြီး

"ဘာမှမဖြစ်ပါဘူး..ဒီတိုင်းပါဘဲ"

"အဆင်မပြေတာရှိရင်ငါ့ကိုပြောနော် ကူညီပေးမယ်"

"ရပါတယ်..အခုလိုပြောပေးတာနဲ့တင်မင်းကိုငါကကျေးဇူးတင်နေပြီ"

ဂျီမင်းက ခပ်သဲ့သဲ့လေးပြုံးကာပြောလိုက်လေတော့ ဗြောင်ဟျွန်းကသူ့အား...

"ဂျီမင်း...မင်းမှာ ချစ်ရမယ့်သူရှိလား ဒါမှမဟုတ် ချစ်သူရှိလား"

ထိုမေးခွန်းကြောင့်ပန်းချီစုတ်တံကိုင်ထားသောလက်တို့က ရပ်တန့်သွားကာ သူ့အားစူးစိုက်ကြည့်လာပါသောဗြောင်ဟျွန်း...။

"ဘာလို့မေးတာလဲ"

"မေးတာမကြိုက်ရင်လည်းမမေးတော့ပါဘူး မင်းရဲ့ personal ကိုဝင်စွက်ဖက်သလိုဖြစ်သွားတယ်"

"ရပါတယ် နောက်တစ်ခါဆင်ခြင်ပေါ့..ငါသွားတော့မယ် ဗြောင်ဟျွန်း"

"ဘာလို့သွားမှာလဲ ပုံကြမ်းဆွဲလက်စကြီးမလား"

"ဒီမှာတစ်စက္ကန့်လေးတောင်နေချင်စိတ်မရှိတဲ့အထိ စိတ်ညစ်ညူးသွားလို့"

ဂျီမင်းဟာ ဆွဲလက်စပန်းချီပုံကြမ်းကိုရပ်ကာ ခဲတံနှင့်စုတ်တံတို့ကိုသိမ်းပြီး လွယ်အိတ်ကိုလွယ်ကာအတန်းထဲမှထွက်သွားလေသည်။ ဗြောင်ဟျွန်းက ခပ်မဲ့မဲ့တစ်ချက်ပြုံးလိုက်ကာ..

"ငါ့ကိုမတူသလို မတန်သလိုဆက်ဆံတယ်ပေါ့..ငါကမင်းကိုချစ်လို့သည်းခံနေတာ အကောင်းမှတ်မနေနဲ့ပတ်ခ်ဂျီမင်း..တောက်ခ်!"

အတန်းထဲတွင်သူတောက်ခ်ခေါက်သံခပ်ပြင်းပြင်းလုပ်လိုက်ပေမယ့် ပတ်ခ်ဂျီမင်းကတော့ကြားသိခဲ့ခြင်းမရှိပါလေ။

ဒီသင်တန်းစတက်တဲ့နေ့ရက်တည်းက သူ့နောက်ကိုတကောက်ကောက်လိုက်ပြီးတအားတွေကပ်တွယ်နေသော ဗြောင်ဟျွန်းကိုဂျီမင်းစိတ်ထဲအဆင်ပြေမနေတော့ပေ။ အထူးသဖြင့်သူ့ရဲ့ personal caseတွေကအစလိုက်မေးနေတာတွေများလာတော့တကယ်သူသဘောမကျ။

𝗟𝗜𝗠𝗜𝗧𝗔𝗧𝗜𝗢𝗡𝗦  ||𝗬𝗠||Where stories live. Discover now