11

171 27 11
                                    

(Unicode)

"ဘယ်လိုလဲ အရင်အတိုင်းဘဲမလား အဆင်မပြေခဲ့ဘူးမလား ဂျောင်ကု"

ဂျောင်ကုတိုက်ခန်းကိုပြန်ရောက်ပြီးတံခါးဖွင့်လိုက်ချင်း ဧည့်ခန်းထဲမှထွက်ပေါ်လာသောအသံဟာ သေချာပေါက် ကင်မ်ထယ်ယောင်းရဲ့အသံဖြစ်လေသည်။

ဂျောင်ကုဟာသက်ပြင်းတစ်ချက်ချပြီးနောက်တွင်...

"အင်း..မင်းထင်တဲ့အတိုင်းဘဲ ငိုယိုပြီးကျန်ခဲ့တယ်"

"မင်းအမေမျက်ရည်ကျတာငါ့ကြောင့်ဆိုတာသိတော့ မင်းငါ့ကိုစိတ်ထဲမမုန်းမိဘူးလားဂျောင်ကု"

ထိုမေးခွန်းကိုသူမဖြေခင် ဆိုဖာပေါ်တွင်ထိုင်နေသော ထယ်ယောင်းဘေးသို့သူဝင်ထိုင်လိုက်ကာ သူ့ရင်ခွင်ထဲသို့ထယ်ယောင်းကိုထည့်ပြီးတင်းကြပ်စွာဖက်ထားလိုက်သည်။

"မဟုတ်ဘူးမင်းကြောင့်သူမျက်ရည်ကျတာမဟုတ်ဘူး..သူ့ရဲ့မာန‌တွေကြောင့်သူငိုနေရတာ မင်းနဲ့မဆိုင်တာကြောင့်ငါ့စိတ်ထဲမင်းကိုမမုန်းဘူးထယ်ယောင်း"

"....."

ထယ်ယောင်းဟာသူ့စကားကိုတုံ့ပြန်ခြင်းမရှိပါ။ ဂျောင်ကုကဘဲစကားဆက်ကာမေးလိုက်လေသည်။

"မင်းမိဘတွေကရော ဘာပြောလဲ"

ဂျောင်ကုမေးခွန်းကြောင့် ထယ်ယောင်းဟာခပ်မဲ့မဲ့ပြုံးရင်းပြန်မဖြေသေးဘဲ အရှေ့စားပွဲခုံပေါ်တွင်ရှိသောစီးကရက်တစ်ခုအားမီးညှိကာ နှုတ်ခမ်းတွင်တေ့ပြီး ဆေးလိပ်ငွေ့တွေကိုဂျောင်ကုဆီသို့တမင်မှုတ်ထုတ်လိုက်လေသည်။

ဂျောင်ကုဟာ ထယ်ယောင်းနှုတ်ခမ်းတွင်ရှိနေသောထိုစီးကရက်အား ယူပြီးဖယ်ချကာ ပြာခွက်ထဲတွင်မီးငြိမ်းလိုက်ပြီး ထယ်ယောင်း၏ပုခုံးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီးသူ့မျက်ဝန်းတွေထံစိုက်ကြည့်စေသည်။

"ငါမေးတာဖြေ ကင်မ်ထယ်ယောင်း"

"ဘာကိုဖြေရဦးမှာလဲ ဒီမေးခွန်းမေးရင်မင်းမကြားချင်တဲ့အဖြေဘဲထွက်လာမှာကိုသိသိရက်နဲ့"

ဂျောင်ကု၏မျက်နှာကိုသူအသေအချာစိုက်ကြည့်ကာထိုစကားကိုဆိုလေသည်။

𝗟𝗜𝗠𝗜𝗧𝗔𝗧𝗜𝗢𝗡𝗦  ||𝗬𝗠||Where stories live. Discover now