5

206 39 34
                                    

(Unicode)

တီးတောင်~~~ တီးတောင်~~~

အချိန်မှာ မနက်၁၀နာရီ၊ ဂျီမင်းတစ်ယောက်ယွန်းဂီခြံရှေ့ရှိ ဘဲလ်အားနှိပ်ကာ လက်ထဲရှိမီယောဂုထည့်ထားသောချိုင့်လေးကိုကိုင်ကာ ​ရပ်စောင့်နေလေသည်။ ယွန်းဂီလည်းဧည့်ခန်းထဲတွင် စာရေးနေရာ ခြံရှေ့မှဘဲလ်တီးသံကြားသဖြင့် စာရွက်များပေါ်တွင်လှုပ်ရှားနေသော ဘောပင်လေးမှာရပ်တန့်သွားရသည်။

"ဘယ်သူများလဲ..ဆော့ဂျင်လည်းမဖြစ်လောက်ပါဘူး အဲ့ကောင် ဂျယ်ဂျူးကိုရောက်နေတာဘဲ"

ယွန်းဂီမှာတွေးတွေးဆဆဖြင့်တစ်ယောက်တည်းပြောလိုက်ကာ မျက်ဝန်းတစ်ဝိုက်တွင်တပ်ဆင်ထားသော ပါဝါမျက်မှန်ကိုချွတ်ကာစားပွဲပေါ်တင်လိုက်ပြီး ခြံသော့ကိုယူ၍အိမ်ထဲမှထွက်လာခဲ့သည်။

"Hello... Morningပါ ဦး"

ခြံတံခါးဖွင့်လိုက်သည်နှင့် ဂျီမင်းကသူ့အားအရိုးရှင်းဆုံးအပြုံးလေးဖြင့်ပြုံးကာပြောလိုက်ပြီးနှုတ်ဆက်လိုက်လေသည်။ ယွန်းဂီလည်းဂျီမင်းကိုတွေ့တော့ မျက်ခုံးတွေကျုံ့သွားသည်အထိ ဘာမှပြန်မပြောဘဲစိုက်ကြည့်နေမိသည်။အတန်အနည်းငယ်ကြာမှ...

"အချိန်ကိုကြည့်ဦး နေ့လည်တောင်ရောက်တော့မယ်..ဘာလာလုပ်တာလဲ"

ယွန်းဂီက ခပ်ငေါက်ငေါက်ပြောတော့ဂျီမင်းက သွား၃၂ ချောင်းလုံးပေါ်အောင်ဖြီးပြလိုက်ကာ ချစ်စရာအကောင်းဆုံးပါးချိုင့်လေးတွေပေါ်သည်အထိပြောလေသည်။

"ဦးကလည်း...ညကကျွန်တော်ပြောတယ်လေ ဒီနေ့ကျွန်တော့်မွေးနေ့ပါဆို..အဲ့ဒါမီယောဂုလာပို့တာလေ"

"အော် အေးအေး...ပေးလေ"

ယွန်းဂီကသူ့လက်ထဲမှချိုင့်ကိုတောင်းတော့ ဂျီမင်းကနှုတ်ခမ်းလေးစူကာ မျက်နှာခပ်မဲ့မဲ့လေးဖြစ်သွားရသည်။အမှန်ဆိုမွေးနေ့ရှင်ဖြစ်တဲ့သူ့ကို အိမ်ထဲလာပါဦး၊ ဝင်ပါဦးလို့ခေါ်ရမှာမလား..aigoo တကယ်ဘဲမပေါင်းသင်းမဆက်ဆံတတ်လိုက်တာ ဦးရယ်။ ဟောဒီက social butterfly ပတ်ခ်ဂျီမင်းလေးနဲ့ကွာပါ့! ဒါပေမယ့် မပူပါနဲ့ Don't worry..ပတ်ခ်ဂျီမင်းလေးနဲ့ဦး ချစ်သူဖြစ်ပြီးသွားရင်ဒါတွေအကုန်လုံးကို ဂျီမင်းနီးလေး သင်ပေးပါ့မယ် အဟိ။

𝗟𝗜𝗠𝗜𝗧𝗔𝗧𝗜𝗢𝗡𝗦  ||𝗬𝗠||Where stories live. Discover now