7

245 39 20
                                    

(Unicode)

Now I believe...
라랄라랄라라 부르는 노래
찾고 찾고 찾자 해메이던 그대와
My, oh my, oh 내 사랑 be my only one....

ကော်ဖီဆိုင်လေးထဲသို့ဝင်လိုက်သည်နှင့် သင်းပျံ့သောကော်ဖီရနံ့လေးနှင့်အတူ LeeHi၏ My Only Oneသီချင်းသံမှာ ထွက်ပေါ်လျက်ရှိသည်။ ဂျီမင်းရဲ့မျက်ဝန်းအစုံဟာ မည်သည့်စားပွဲဝိုင်းတွင်ထိုင်ရမလဲဟုဝေ့ဝိုက်ကြည့်လိုက်စဥ် အနည်းငယ်ဂျောင်ကျသောနေရာ၌ စာရေးနေသောဦးကိုတွေ့လေသည်။ ဘေးတွင်ရှိသောကော်ဖီအား တစ်ငုံယူသောက်ပြီး နှင်းတွေကျနေသောလမ်းမကြီးကိုငေးကြည့်လိုက်၊ ပြီးလျှင်စာပြန်ရေးလိုက်နှင့်အလုပ်ရှုပ်နေသော ဦးကိုဂျီမင်းကြည့်ပြီးပြုံးလိုက်လေသည်။

"ဦး!"

ဂျီမင်းဟာဆိုင်ကယ်သော့လေးကို လက်ညှိုးထိပ်လေးတွင်လှုပ်ရမ်းကာ ယွန်းဂီထံလျှောက်လာပြီး ပြုံးပြုံးလေးခေါ်လိုက်သည်။

"လွမ်းနေတာဗျာ ဦးရာ...မပြောမဆိုနဲ့ဘယ်ပျောက်သွားတာလဲ"

ဂျီမင်းမှာ ယွန်းဂီရဲ့ခွင့်ပြုချက်လည်းမရပါဘဲပိုင်စိုးပိုင်နင်းဖြင့် ထိုစားပွဲဝိုင်းတွင်ပင် သူနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်ကာပြုံးပြုံးကြီး ကြည့်လာသောဂျီမင်းကြောင့်ယွန်းဂီစိတ်ထဲအလိုမကျ။

မည်သို့ပင်ဆိုကာမူ သူတစ်ပါးထိုင်နေသောစားပွဲဝိုင်းတွင်ဝင်ထိုင်မည်ဆိုလျှင် လက်ရှိထိုင်နေသောလူရဲ့ခွင့်ပြုချက်တော့ယူရမယ်မဟုတ်ပါလား။ အခုဒီချာတိတ်ဟာ ပိုင်စိုးပိုင်နင်းဖြင့်၊ထားပါတော့လေ...ကလေးဘဲ ဒါတွေဘယ်နားလည်ပါဦးမလဲ။

ယွန်းဂီရဲ့စိတ်အလိုမကျခြင်းတို့ဟာ မျက်နှာထက်တွင်သိသိသာသာပေါ်လွင်လျက် ဂျီမင်းကိုမျက်မှောင်ကျုံ့ကာ ကြည့်နေမိသည်။

"ဦး..ကျွန်တော် မေးတာဖြေဦးလေ"

ယွန်းဂီဟာ သူ့မေးခွန်းကိုပင်အရေးမစိုက်ဘဲ ဘေးရှိကော်ဖီအားတစ်ငုံသောက်လိုက်လေသည်။

"ဦး..ကျွန်တော်မေးတာဖြေပါဦးဆိုနေမှ!"

သူ့မေးခွန်းကိုပြန်မဖြေသောယွန်းဂီကြောင့်ဂျီမင်းမှာ နှုတ်ခမ်းလေးစူကာ ကောက်ကွေးလေးသဖွယ်ဖြစ်နေလေသည်။ ထိုအရာကိုတွေ့သောအခါ ယွန်းဂီရဲ့ဝဲဘက်ရင်အုံမှ နှလုံးသားလေးဟာ အလိုက်မသိစွာခုန်သွားရပြန်ပါသည်။

𝗟𝗜𝗠𝗜𝗧𝗔𝗧𝗜𝗢𝗡𝗦  ||𝗬𝗠||Where stories live. Discover now