9

167 35 17
                                    

(Unicode)

"အဖျားမရှိတော့ပါဘူး သောက်ဆေးတော့၂ရက်စာပေးခဲ့မယ်။အဆင်မပြေရင်ငါ့ကိုဖုန်းဆက်လှမ်းခေါ်လိုက်လေ''

ဆော့ဂျင်က ဆရာဝန်ဖြစ်တာကြောင့်ယွန်းဂီနေမကောင်းဖြစ်လျှင်အမြဲတမ်းသူအိမ်ကိုလာကြည့်ပေးသည်။ဒီတစ်ခါလည်းသူနေမကောင်းဖြစ်တော့သူကိုယ်တိုင်ဆော့ဂျင်ဆီသို့ဖုန်းဆက်ပြီးလှမ်းခေါ်ရလေသည်။

''မင်းကိုလည်းငါအားနာပါတယ်..ခရီးရောက်မဆိုက်ငါ့ဆီကိုတန်းလာခဲ့ရတာဆိုတော့''

"ရပါတယ်ကွာ..ငါတို့ကအချင်းချင်းတွေဘဲ။အခုအဖျားတော့မရှိတော့ဘူး စာမူတော့သွားမပေးသေးဘဲအိမ်မှာဘဲအေးဆေးအနားယူပေါ့ကွာ''

"ဦး..ဆန်ပြုတ်သောက်မယ်"

ဆော့ဂျင်ရဲ့စကားကိုယွန်းဂီပြန်ဖြေရန်လုပ်နေစဥ်အချိန်တွင် အခန်းထဲသို့ဆန်ပြုတ်ပန်းကန်ကိုယူကာဝင်လာပါသောဂျီမင်း။

"ဒါနဲ့သူက..?"

ဆော့ဂျင်ကဂျီမင်းကိုကြည့်ကာ ယွန်းဂီအားနားမလည်သလိုမေးလိုက်သည်။

"သူ့နာမည်ကပတ်ခ်ဂျီမင်းတဲ့..မျက်နှာချင်းဆိုင်အိမ်က"

"ဟုတ်ကဲ့ ကျွန်တော့်နာမည်ပတ်ခ်ဂျီမင်းပါ ဦးရဲ့မျက်နှာချင်းဆိုင်အိမ်ကပါ တွေ့ရတာဝမ်းပါတယ်ခင်ဗျ''

ဂျီမင်းကအပြုံးလေးနဲ့ဆော့ဂျင်အားနှုတ်ဆက်လိုက်လေတော့ ဆော့ဂျင်ကလည်းပြုံးပြီးလက်ဆွဲနှုတ်ဆက်လိုက်လေသည်။

"တွေ့ရတာဝမ်းသာပါတယ် Hyungနာမည်က ကင်မ်ဆော့ဂျင်ပါ ယွန်းဂီရဲ့အရင်းနှီးဆုံးသူငယ်ချင်းပေါ့"

"အော် ဟုတ်ကဲ့"

"ဒါဆိုငါပြန်တော့မယ် ယွန်းဂီ..ဒီရက်ပိုင်းထဲနားနားနေနေ နေဦး။လူပျိုကြီးပီပီ ရှာကျွေးစရာမိန်းမလည်းမရှိဘဲနဲ့ပိုက်ဆံတွေသိပ်ရှာမနေနဲ့ဦး"

"မင်းစကားများလိုက်တာကွာ..သွားတော့ဟျောင့် ပြန်တော့"

"အခုတော့မင်းကငါ့ကိုနှိမ်ပြီပေါ့လေ အေးပေါ့ကွာ..လူပျိုကြီးတွေကပြောရတာလက်ပေါက်ကပ်တယ်ဆိုတာအမှန်တရားဘဲ ဂျီမင်းသတိထားနော်..အဲ့လူပျိုကြီးကမင်းကိုပါစိတ်တိုပြီးလုပ်နေဦးမယ်"

𝗟𝗜𝗠𝗜𝗧𝗔𝗧𝗜𝗢𝗡𝗦  ||𝗬𝗠||Where stories live. Discover now