6

214 40 25
                                    

(Unicode)

အချိန်မှာ ညနေ၅နာရီ၊ ဂျီမင်းမှာ ဘိလိယက်ခုံ၌ ကျူတံလေးဖြင့် ဘိလိယက်ဘောလုံးလေးများကိုထိုးခွဲလိုက်လေသည်။

"ဒီတစ်ခါငါ့အလှည့် ဂျီမင်း"

ဂျီမင်းမှာထယ်ယောင်းကိုအသာခေါင်းငြိမ့်ပြကာ ဘေးတွင်တင်ထားသော vapeကိုတစ်ချက်ရှိုက်ရှူလိုက်ကာ အငွေ့တွေ့ကိုစိတ်ရှုပ်စွာမှုတ်ထုတ်လိုက်လေသည်။

"ဘာတွေစိတ်ရှုပ်နေတာလဲ..မင်းကြည့်ရတာ မျက်နှာလည်းမလန်းဘူး"

ဂျောင်ကုက လက်ထဲရှိဘီယာအားတစ်ငုံသောက်ရင်း ဘိလိယက်ဘောလုံးလေးများကိုထိုးခွင်းကာ ဂျီမင်းကိုစကားဆိုလိုက်လေသည်။

"အေးလေ..မင်းမျက်နှာမလန်းဘူး ဘာဖြစ်နေတာလဲ.."

ဂျီမင်းက သူတို့နှစ်ယောက်ရဲ့အမေးကိုပြန်မဖြေသေးဘဲ ဂျောင်ကုလက်ထဲမှဘီယာအားဆွဲယူကာ တစ်ငုံသောက်လိုက်ပြီးနောက် စိတ်ပျက်ခြင်းများစွာဖြင့် ဆံပင်တွေကိုလှန်တင်လိုက်လေသည်။

"မဟုတ်မှလွဲရော မင်းရဲ့ဘဲကြီးကြောင့်လား..."

ဂျောင်ကုကထပ်မံမေးလေတော့ ဂျီမင်းကသူတို့နှစ်ယောက်ကိုမကြည့်ဘဲ ကျူတံလေးဖြင့်ဘိလိယက်ဘောလုံးလေးများကိုထပ်မံထိုးခွင်းလိုက်ကာ စကားဆိုလေသည်။

"တစ်ပတ်ရှိပြီ ဘယ်ထွက်သွားမှန်းမသိဘူး၊ ခြံတံခါးလည်းသော့ခတ်ထားတာ။တစ်အိမ်လုံးလည်းမှောင်မဲနေတာဘဲ"

ဂျီမင်းစကားကြောင့်ထယ်ယောင်းမှာ vape အငွေ့တွေကိုရှူထုတ်ရင်းပင် မျက်ခုံးများပင့်သွားရသည်။

"မင်းတို့နှစ်ယောက်အခြေအနေက ဘယ်အဆင့်ရောက်ပြီလဲ"

ထယ်ယောင်း၏အမေးကိုဂျီမင်းပြန်ဖြေဖို့တွေးတွေးဆဆလေးဖြစ်သွားရသည်။ ထိုမေးခွန်းအတွက်သူ့မှာအဖြေမရှိ...ဟိုတစ်နေ့က နှစ်ယောက်သားနမ်းခဲ့ကြတယ်၊ ခဏနေကြတော့ရုတ်တရက်ကြီးသူ့ကိုထွက်သွားဆိုပြီးအော်ခဲ့တာ။ ဦးဘက်ကသူ့ကိုဘယ်လိုခံစားချက်ရှိလို့နမ်းခဲ့တာလဲ...ထိုအကြောင်းကိုနေ့တိုင်းတွေးရင်းပင် ရူးချင်လာပြန်သည်။ အသက်ကြီးကြီးဦးလေးကြီးကိုချစ်မိတဲ့ကောင်လေးတစ်ယောက်ရဲ့ဒုက္ခတွေက မနည်းပါလားလို့လည်းသူတွေးမိပြန်တော့ နှုတ်ခမ်းပါးဟာအနည်းငယ်ကွေးတက်သည်အထိပြုံးမိပြန်သည်။

𝗟𝗜𝗠𝗜𝗧𝗔𝗧𝗜𝗢𝗡𝗦  ||𝗬𝗠||Where stories live. Discover now