3

265 48 34
                                    

(Unicode)

ဒီနေ့ ဂျီမင်းတစ်ယောက် ထယ်ယောင်းနဲ့ဂျောင်ကု တို့ဖြင့်ချိန်းထားသောကြောင့်အပြင်သွားရန်ပြင်ဆင်နေခြင်းဖြစ်သည်။ ရေချိုးခန်းထဲမှခန္ဓာကိုယ်ခါးအောက်ပိုင်းကို တဘက်တစ်ထည်ဖြင့်ပတ်ထားပြီး ရေစိုလက်စဖြစ်နေသောဆံပင်တို့အား လှုပ်ခါလိုက်လေတော့ သူ၏လူငယ်ဆန်သောမျက်နှာချောချောက ထင်းခနဲပေါ်ထွက်လာလေသည်။

ရေစိုနေသောဆံပင်တွေအား တဘက်ဖြင့်သုတ်လိုက်ကာ ဗီရိုထဲမှရှပ်အကျီနှင့်ဒူးလောက်ရှိသောဘောင်းဘီတိုအားထုတ်ကာ ဝတ်လိုက်လေသည်။ ထို့နောက်စိုနေသောခေါင်းကိုခြောက်အောင် Hair dryer ဖြင့်မှုတ်ပြီးနောက် ပုံမှန်အတိုင်းဂျယ်လိမ်းပြီးပုံသွင်းလိုက်ကာ မျက်နှာနုနုထက်သို့ lotionတစ်ချို့ကိုယူလိမ်းလိုက်လေသည်။ လှပစွာတည်ရှိနေသော နားနှစ်ဖက်တွင်နားကပ်နှစ်ခုကိုတပ်လိုက်ပြီးနောက်တင့်တယ်စွာဖြင့် ပတ်ခ်ဂျီမင်းဟာလှသည်ထက်ပို၍ပင်လှလေသည်။

ထို့နောက်ခါတိုင်းသုံးနေကျရေမွှေးကိုသူ့ခန္ဓာကိုယ်ပေါ်သို့စွတ်နေစဥ် ဝင်လာသောဖုန်းသံကြောင့် ရေမွှေးပုလင်းကိုမှန်တင်ခုံပေါ်သို့ချလိုက်ကာ...ဖုန်း Contact ကိုကြည့်လိုက်တော့ ဂျွန်ဂျောင်ကု...။

"ဟျောင့်..မင်းမလာသေးဘူးလား၊ဒီမှာငါနဲ့ထယ်ယောင်းစောင့်နေတာ"

"မင်းအဖေကအခုမှရေချိုးပြီးတာ၊ လာပြီ...ခဏလေး ငါဆိုင်ကယ်ထုတ်ရဦးမယ်"

ဂျီမင်းကဖုန်းကို speaker ဖွင့်ပြောနေရင်း ဆံပင်တို့အားသေသပ်အောင်တစ်ချက်ပြန်ပြီးပုံသွင်းနေလေသည်။

"ဟာ..မင်းကအခုမှလာမှာလား"

"ဘာတွေလောနေတာလဲဟျောင့်.. ငါပြောမယ့်အကြောင်းကိုသိချင်ရင်ငါလာမယ့်အချိန်ကိုစောင့်နေ"

ဂျီမင်းစကားကြောင့် ဂျောင်ကုမှာစိတ်မရှည်သောလေသံဖြင့်..

"အေးကွာ မြန်မြန်လာခဲ့၊ ညနေစောင်းတဲ့အထိမစောင့်ဘူးနော်..ထယ်ယောင်းနဲ့ငါ အမေတို့အိမ်ကိုသွားရဦးမယ်"

"ရည်းစားရှိတဲ့သူတွေဆိုတော့လည်းနှိမ်ကြပါကွာ...ဒါဘဲဟျောင့် ဖုန်းချတော့မယ် ငါအခုထွက်လာပြီ"

𝗟𝗜𝗠𝗜𝗧𝗔𝗧𝗜𝗢𝗡𝗦  ||𝗬𝗠||Donde viven las historias. Descúbrelo ahora