8

198 39 14
                                    

(Unicode)

"ဂျီမင်း...  မိုးတွေဖွဲနေတာ ထီးမပါလာဘူးမလား ကိုယ့်ထီးကိုယူသွားလိုက်နော်"

ပန်းချီသင်တန်းချိန်အပြီးတွင် အနည်းငယ်ဖွဲကျလာပါသောမိုးဝသန်ကြောင့် ဂျီမင်းမှာအခက်တွေ့နေရသည်။ ထိုစဉ်ပန်းချီသင်တန်းတွင်ခင်မင်သွားပါသော ဘတ်ဗွောငျဂြှနျးဆိုသည့ျလူက ဂျီမင်းကိုအတော်ပင်ဂရုစိုက်ဟန်ရှိသည်..ဒါကြောင့်လည်း ညို့မှိုင်းလာသောကောင်းကင်ယံကိုကြည့်ပြီးဂျီမင်းစိတ်ညစ်နေစဉ် ဘေးတွင်လာရပ်ကာ သူ့အားထီးဖြင့်အုပ်မိုးပေးကာပြောလာပါသောထိုယောကျာ်း။

"အော..ရပါတယ် ငါက ထယ်ယောင်းတို့နဲ့အတူပြန်ရင်အဆင်ပြေပါတယ်"

"ယူသွားလိုက်ပါ..မင်းမိုးမိပြီးနေမကောင်းဖြစ်မှာကို ငါစိုးရိမ်လို့"

အတင်းတွေပင် ဂျီမင်းလက်ထဲသို့ထီးကိုအတင်းထိုးထည့်လိုက်ပါသော ဘတ်ဗြောင်ဂျွန်း။

"ငါ့ကိုထီးပေးလိုက်ရင် မင်းကဘယ်လိုလုပ်မှာလဲ ဗြောင်ဂျွန်း"

"ငါ့အိမ်က သင်တန်းနဲ့နီးနီးလေး..ပြေးသွားရတယ် ပြောရင်းဆိုရင်းမိုးတွေသည်းလာပြီ"

ဗြောင်ဂျွန်းဟာ ကောင်းကင်ယံကိုတစ်ချက်ကြည့်ကာဆိုလိုက်ပြီးနောက်တွင် ဂျီမင်း၏ခေါင်းလုံးလုံးလေးအားအသည်းယားစွာ ဆံပင်လေးများကိုဆွဲဖွာလိုက်ပြီးနောက် ဘေးလွယ်အိတ်ဖြင့်ခေါင်းကိုအုပ်မိုးကာ သင်တန်းအပေါက်ဝမှပြေးထွက်သွားလေသည်။

"အယ်..ဟျောင့်!"

ဂျီမင်းမှာသူ့ကိုခေါ်ဖို့စကားပင်မဆုံးလိုက်ဘဲ ပြေးထွက်သွားပါသောဗြောင်ဂျွန်းကြောင့် သူ့အသံများလေထဲတွင်ရပ်တန့်သွားရသည်။

"ဟျောင့် ဂျီမင်း..ခုနက ဗြောင်ဂျွန်းနဲ့ဘာတွေပြောနေကြတာလဲ"

သူထီးကိုကိုင်ထားပြီးငိုင်ငိုင်ကြီးရပ်နေစဥ် သင်တန်းထဲမှထွက်လာသော ဂျောင်ကုနှင့်ထယ်ယောင်းတို့ကြောင့် လန့်သွားရသည်။

"လန့်လိုက်တာမင်းတို့ကလည်း.."

"မင်းဘာသာမင်းဘာတွေ တွေးဆွေးငေးနေသလဲမှမသိတာ"-Jk

𝗟𝗜𝗠𝗜𝗧𝗔𝗧𝗜𝗢𝗡𝗦  ||𝗬𝗠||Where stories live. Discover now