"တီ.....တီ....."
အိမ်ရှေ့မှကားဟွန်းသံကြောင့်ပန်းပင်ရေလောင်းနေတဲ့ရှောင်းကျန့်လက်ကလေးရက်တန့်သွားရသည်......"ဪ...မေမေတို့ရောက်လာတာလား"
"အင်းဟုတ်တယ်...သားကျန့်..ဝမ်လေးရော...."
"ဟို...မောင်အိပ်နေတုန်းမေမေရဲ့......သားသွားနှိုးလိုက်မယ်နော်...."
"ဟမ်....ဒီချိန်ထိအိပ်နေတယ်ဟုတ်လား...."
"ဟို...မောင်ညကအလုက်တွေလုပ်နေလို့အခုမထနိုင်တာပါ....နောက်ပြီး...ဒီနေ့ကအားလပ်ရက်မို့ပါ....ပုန်မှန်ဆိုမောင်ကစောစောနိုးပါတယ်မေမေရဲ့......"
မဟုတ်ပါ...ရှောင်းကျန့်တစ်ယောက် မေမေကိုညာမိပြန်ပြီ.....ညကဝမ်ရိပေါ်ညဉ့်နက်မှအိမ်ပြန်ရောက်လာခြင်းပင်.....ခုလဲအရက်ရှိန်ကြောင့်မထနိုင်တာ...ရှောင်းကျန့်ညာရပြန်ပြီလေ...မတတ်နိုင်ဘူးညာချင်ညာရပါစေ..ရိပေါ်အပြစ်လွတ်ရမယ်လေ......
"အင်းပါသားရယ်....ဒါနဲ့သားမနက်စာရောစားပြီးပြီလား...၁၁နာရီတောင်ရှိနေပြီသားရဲ့...."
"ဟုတ်စားပြီးပါပြီးမေမေ....."
ဝမ်မားကရှောင်းကျန့်ကိုသားရင်းတစ်ယောက်လိုဂရုစိုက်ပါတယ်လေ....အင်းဒီလိုယောက္ခမရှိလို့တော်ရဲ့......
ရှောင်းကျန့်တစ်ယောက်အပေါ်ထပ်ကိုအပြေးလေးတတ်လာပြီးအခန်းတစ်ခန်းရဲ့တံခါးကိုဆွဲ
ဖွင့်လိုက်တော့....အိပ်ရာပေါ်မှာပစ်ဆက်လက်ခတ်အိပ်ပျော်နေတဲ့....ရှောင်းကျန့်ရဲ့နှလုံးသားးးးးးမောင်...ဆိုတဲ့လူသား....
တစ်နည်းအားဖြင့်ရှောင်းကျန့်ရဲ့ခင်ပွန်း..
ဝမ်ရိပေါ်....."မောင်ရေ....မောင်...."
"ကျစ်....ဘာလဲကွာအိပ်နေတာကို...တစ်မောင်မောင်နဲ့...ဘယ်လိုဖြစ်နေတာလဲ...."
"ဟို....မေမေတို့ရောက်လာလို့....ကျန့်ကမောင့်ကိုလာနှိုးတာပါ....."
"ဘာ!မေမေ...ဟုတ်လား...ပြော...မင်းမေမေ့ကိုဘယ်လိုတွေပြောထားလဲ"
"ဟို...မောင်ညကအလုက်တွေလုပ်ပြီးပင်ပန်းနေလို့အိပ်ပျော်နေတယ်လို့ပဲပြောထားပါတယ်...."
"အင်းးးးးကံကောင်းသွားတာမှတ်..."
ထူးဆန်းနေလား....။ဆန်းမှာပေါ့...ရှောင်းကျန့်တို့ကချစ်လို့ကြိုက်လို့လက်ထပ်ထားတာမှာမဟုတ်တာလေ.....။သာမာန်အိမ်ထောင်သည်တွေလိုစကားချိုချိုတွေပြောပါ့မလား...။ရှောင်းကျန့်ကသာ.....။
YOU ARE READING
❤မောင်❤(complete)
Fanfictionငါလဲမာနနဲ့ပါ...ငါလဲယောကျာ်းတစ်ယောက်ပါ...ဒါပေမဲ့မောင်....