ရှောင်းကျန့်တစ်ယောက်တစ်ခါလေးအပြင်ထွက်ဖို့ကိုမှာလို့မပြီးနိုင်တဲ့ချစ်ရသူကြောင့်ရယ်ရမလိုငိုရမလိုဖြစ်နေရသည်
"ကိုကို အပြင်သွားရင်မောင့်အနားပဲနေနော် ဘယ်မှလျှောက်မသွားနဲ့ ဟိုပြေးဒီပြေးမလုပ်ရဘူးနော် အနားကိုလဲဘယ်သူမှမကပ်စေနဲ့ကြားလား"
"မောင်ရယ်....အပြင်သွားမှာကခဏလေးပဲလေ နောက်ပြီးမောင်လဲလိုက်လာမှာပဲကိုမှာလို့မပြီးတော့ဘူး ကိုကိုက ကလေးလေးမဟုတ်တော့ဘူးနော် မောင့်ထက်တောင်အသက်ကြီးသေးတယ်"
"မောင်သိပါတယ်ကလေးမဟုတ်တော့တာကို
ကလေးမဟုတ်လို့လဲအဲ့လောက်စိတ်ပူနေရတာပေါ့ ဒီလောက်ချစ်ဖို့ကောင်းတဲ့အသဲတုန်းလေးကိုဖြစ်နိုင်ရင်ငုံထားချင်တာ""ဟွန့်...ပိုကိုပိုတယ်"
"ချစ်တာကိုဗျ"
ကောင်လေးနှစ်ယောက်အပြင်ကိုပျော်ရွှင်စွာထွက်လာခဲ့ကြသည် ဘယ်သွားတာလဲမမေးနဲ့သွားနေကြကစားကွင်းကိုပဲ
"မောင်....ကိုကိုတို့အရုပ်ကောက်ရအောင်"
"အင်း..ကိုကိုဘယ်အရုပ်လေးလိုချင်လဲ"
"ယုန်ရုပ်လေးတွေ့လားအဲ့နားမှာလေ"
"အင်း..ရအောင်ယူပေးမယ်"
"မောင်အကောင်းဆုံး"
"အာ...ချစ်လိုက်ရတာကွာကလေးလေးကြနေတာပဲ"
ဝမ်ရိပေါ်တစ်ယောက်ရှောင်းကျန့်ပြောတဲ့အရုပ်လေးကိုရအောင်သဲကြီးမဲဲကြီးကြိုးစားနေသော်လဲဘေးပတ်ဝန်းကျင်ကိုအကဲခတ်ဖို့လဲမမေ့
"ရတော့မယ်....အားးးးကျသွားပြန်ပြီ"
နှုတ်ခမ်းလေးဆူကာနှမျောနေတဲ့အသဲအသက်လေးကြောင့်ရိပေါ်ပြုံးလိုက်မိသည်ဝယ်ပေးပါ့မယ်ပြောတော့လဲမရဘူးဒီအရုပ်မှဒီအရုပ်ဖြစ်နေတာ
"ဒါနောက်ဆုံးတစ်ခေါက်ပဲရစေရမယ်"
"ဟုတ်လဲမဟဟုတ်ပဲနဲ့များ"
"တစ်ကယ်ပြောနေတာ"
"တကယ်ရအောင်ယူပေးမှာနော်သေချာလား"
"အင်းသေချာတာ အရုပ်ရရင်အဘွားအကြီးကြီးပေးရမယ်ဘယ်လိုလဲ"
YOU ARE READING
❤မောင်❤(complete)
Fanfictionငါလဲမာနနဲ့ပါ...ငါလဲယောကျာ်းတစ်ယောက်ပါ...ဒါပေမဲ့မောင်....