မောင်........(part 3)❤(zawgyi+uni)

4.8K 261 9
                                    

"မင်းလုပ်ရက်တွေကိုပြောနေတာ"

"ဘာရယ်......ငါ့လုပ်ရက်ဟုတ်လား...."

"အင်းဟုတ်တယ်....မင်းတို့တွေချစ်လို့ကြိုက်လို့လက်ထပ်ထားတာမဟုတ်ရင်တောင်....မင်းကအခုအိမ်ထောင်သည်လေ....ခုလိုမျိုးကလပ်တတ်ပြီးတစ်ခြားမိန်းကလေးနဲ့တွေ့နေတာဖြစ်သင့်လို့လား"

"ဟ....မင်းကအခုငါ့ကိုဝေဖန်နေတာလား....နောက်ပြီးပြောရဦးမယ်...ငါလက်ထပ်ပြီးပြီးဆိုတာလက်ခံတယ်...ဒါပေမဲ့ ငါအိမ်ထောင်သည်မဟုတ်သေးဘူး....."

"မင်းပြောတာကိုနားလည်ပါတယ်....ဒါပေမဲ့မင်းတို့ဘာသာတစ်ခန်းစီအိပ်သည်ဖြစ်စေအတယအိပ်သည်ဖြစ်စေ...အများအမြင်မှာမင်းတို့ကလက်ထပ်ထားကြတာလေ....."

"အများအမြင်တွေဘာတွေဂရုမစိုက်အားဘူး....သူပြောထားပြီးသားငါ့ဘဝကိုမချုပ်ချယ်ပါဘူးဆိုပြီး....."

"ထားတော့...မင်းကိုငါပြောလဲရမှာမဟုတ်ဘူး.....ဒီလောက်သီးခံပြီးအလိုက်သိတယ်အိမ်ထောင်ဘက်ရထားတာတောင်......တန်ဖိုးမထားနိုင်တာ.....မင်းတစ်နေ့မှနောင်တရလိမ့်မယ်..."

"နောင်တဟုတ်လား....ဘာနောင်တမှရစရာမလိုဘူး....ဝမ်ရိပေါ်တို့ဘဝမှာနောင်တဆိုတာမရှိဘူး....."

"ခုတော့ပြောဦးပေါ့ကွာ...."

ထိုစဉ်ဟောက်ရွှမ်းတစ်ယောက်တစ်နေရာကိုအကြည့်ရောက်သွားမိသည်။ဤသည်ကားအခြားမဟုတ်.....

"ဟျောင့်....ရိပေါ်...ဟိုမှာ"

"ဘာလဲကွာ......ဘယ်မှာလဲပြော"

စိတ်မရှည်စွာပြောလိုက်​ပြီးမြင်လိုက်ရတဲ့မြင်ကွင်းက....

အက်ျီအဖြူကိုအနက်ရောင်စတိုင်ပန့်လေးနဲ့တွဲဖတ်ဝတ်ဆင်ထားပြီးအခြားဘယ်လိုတန်ဆာမှမပါပဲပေါ့ပေါ့ပါးပါးဝင်လာတဲ့တစ်ယောက်.....ဝတ်လာတဲ့ဝတ်စုံကြောင့်ထင်ပါ့...နဂိုဖြူနေတဲ့အသားရေလေးကပိုမိုပေါ်လွင်လို့......နှုတ်ခမ်းရဲရဲလေးတွေဟာဆေးအကူညီမပါတာတောင်ဆွဲမက်ဖွယ်အတိ....ခါးသေးသေးခြေတံရှည်ရှည်နှင့်ခပ်သွက်သွက်လျှောက်လှမ်းလာတာ...
ရိပေါ်တို့နှင့်ကျောချင်းကပ်လှပ်ရှိသောဝိုင်းစီသို့.....

❤မောင်❤(complete)Where stories live. Discover now