မောင်(part22)

3.6K 131 0
                                    

အမျိုးသားတစ်ယောက်.....

"ဘယ်သူလဲ...အဲ့ဒီ့လူကဘယ်သူလဲ"

"သူ့မျက်နှာမမြင်ဖူးဘူး ဖုန်းဆက်ပြီးခိုင်းတာ"

"ဖြစ်နိုင်တဲ့လူတစ်ယောက်ပဲရှိတယ်"

ပြောပြီးရိပေါ်ထွက်သွားလိုက်သည်။

********
"ဟောက်ရွှမ်း.........သူ့ကိုခေါ်ပေး"

"Ok ရိပေါ် ငါခေါ်လာပေးမယ် ဒါပေမဲ့အချိန်နည်းနည်းပေး သူကနည်းနည်းခက်တယ်ရိပေါ်"

"အင်း....ဒါပေမဲ့မြန်မြန်လေးလုပ်ပေး"

"စိတ်ချ"

ရိပေါ်ပြောစရာရှိတာပြောပြီးဆေးရုံကိုထွက်လာလိုက်တယ်။

*******

ချစ်ရတဲ့လူသားလေးကခုတင်ပေါ်မှဖြူဖျော့ဖျော့လေးရယ်၊ ငြိမ်ငြိမ်သက်သက်လဲအိပ်လို့ လောကကြီးနှင့်အဆက်သွယ်ပြတ်နေသယောင် အောက်စီဂျင်ပိုက်အကူအညီနဲ့ အသက်ရှူနေတဲ့ဒီကောင်လေးအမြန်နိုးထလာဖို့သာ ရိပေါ်ဆုတောင်းမိသည်။

"တောင်းပန်ပါတယ် မောင်ကောင်းကောင်းဂရုမစိုက်ပေးနိုင်ခဲ့လို့ မောင်အသုံးမကျခဲ့လို့တောင်ပန်ပါတယ်"

အခုသူပြောနေတဲ့စကားတွေသာကြားရင်ခုတင်ပေါ်ကကောင်လေးကမောင့်အပြစ်မဟုတ်ရပါဘူးလို့များထပြောလေမလား

"မင်းကိုအခုလိုဖြစ်အောင်လုပ်တဲ့လူတစ်ယောက်မှ မောင်အလွတ်မပေးဘူး"

ချစ်ရသူအတွက်သာဆိုတစ်လောကလုံးကိုတောင်စတေးပစ်ရဲပါတယ်။ဝမ်ရိပေါ်ဆိုတဲ့လူသားက ဥပဒေရဲ့အထက်မှာရှိတယ်။

"ဟလို...ဟောက်ရွှမ်း"

📱📱"အေးရိပေါ် ပြော"

"ကိုကို့ကိုပြစ်သွားတဲ့သေနတ်သမား ကိုမမိသေးဘူး"

📱📱"အဲ့တော့ ငါက ဘာကူညီရမလဲ"

"အဲ့လူကိုအရှင်လိုချင်တယ် သူကိုင်နတ်သေနတ်အမျိုးစားနဲ့လက်ဗွေရာတစ်ချို့ကို ရဲဌာနကျည်ဆံပါရဂူစီကယူကြည့်လိုက် နောက်ပြီးရဲတွေနဲ့ပူးပေါင်း ​ပြီးအရှင်ဖမ်းနော်"

📱📱"ok ရိပေါ် မင်းဆန္ဒအတိုင်းဖြစ်စေရမယ်"

"အင်း"

❤မောင်❤(complete)Where stories live. Discover now