မောင်❤(part27)

3.7K 136 0
                                    

"ကိုကို နိုးပြီလား မောင်က ကိုကို့ကိုအရမ်းလွမ်းနေတာ ကိုကိုကအကြာကြီးပဲအိပ်ပျော်နေတာကို မောင့်ကိုတစ်ယောက်ထဲစိတ်ချလက်ချထားပြီးအေးအေးချမ်းချမ်းအိပ်နေနိုင်တယ် ဟွန့်!"

စကားတွေအများကြီးကိုပြောချင်ရာတွေပြောချင်သလိုပြောပြီးအဆုံးမှာ'ဟွန့်'ဆိုတဲ့အသံလေးနဲ့အဆုံးသတ်လိုက်တာကြောင့်သူစိတ်ဆိုးသည်ဟူသည့်သဘောပင်။

"မောင်....ကိုကိုတစ်ခုမှနားမလည်ဘူး"

"ဘာရယ် တရုတ်လိုပြောနေတာကို တရုတ်လူမျိုးကတစ်ခုမှနားမလည်ဘူးဟုတ်လား???ဒါသက်သက်မဲ့ညစ်ပတ်တာ"

"ကိုကိုပြောတာအဲ့ဒါမဟုတ်ဘူးအခုကြားနေတဲ့သတင်း"

"ဘာသတင်းလဲ "

"နားထောင်ကြည့်လေ"

မေမေက ကိုကိုမပြင်းအောင်Tvဖွင့်ပေးသွားသည်ထင်သည်။သို့သော်ကိုကိုကကြည့်မနေ မျက်လုံးမှိတ်၍သာလာနေတဲ့သတင်းကိုအာရုံစိုက်နားထောင်နေသည်။ကြားနေရတဲ့သတင်းကဘယ်chenalပြောင်းပြောင်းထိုသတင်းပင်ဖြစ်နေသည်။ 'wang gpရဲ့ဥက္ကဌ wang yiboရဲ့ခင်ပွန်း Xiao Zhan ဆေးရုံရဲ့ပေါ့ဆမှုကြောင့်မသာမာသူလူအချို့၏လုပ်ကြံမှုကိုခံရ၍သေဆုံး'ဆိုတဲ့သတင်းပင်။

"😁အဲ့ဒါကလေ ကိုကို့ကိုအခုလိုဖြစ်အောင်လုပ်တဲ့လူက ဒီသတင်းကိုကြားမှနောက်တစ်ခါကိုကို့ကိုရှာပြီး ဒုက္ခမပေးတော့မှာလေ အဲ့ဒါကြောင့်မို့အခုလိုသတင်းမှားလွှင့်လိုက်တာ"

"ဪဉာဏ်နီဉာဏ်နက်တွေပေါ့လေဟုတ်လား ငါ့မှာတော့ဒီသတင်းကြီးကြားပြီးကိုယ့်ကိုကို.်တောင်မလုံမလဲ ပြန်ကြည့်မိသေးတာ တကယ်များသေ သွားတာလားလို့"

"ဖွ ဖွ လွဲပါစေ ဖယ်ပါစေ သေစရာလားလို ကျွန်တော့ယောကျာ်းက ကျွန်တော်သေရင်တောင်ကျွန်တော့်ယောကျာ်းကအသက်ဆက်ရှင်နေဦးမှာ ပေါက်ကရတွေမပြောနဲ့"

"မင်းကမှပေါက်ကရပြောတာ မင်းသေရင်ငါကဘယ်စိတ်နဲ့အသက်ဆက်မလဲအရူးကောင်ရဲ့"

"အာ......ကျွန်တော့်ယောကျာ်းက ကျွန်တော့ကို အဲ့လောက်တောင်ချစ်တာပေါ့"

❤မောင်❤(complete)Where stories live. Discover now