"မောင် ငါ့ဒဏ်ရာကအကြီးကြီးပဲ အမာရွတ်ကျန်နေလောက်တယ်"
"ဟင်!ဟုတ်လား "
"အွန်း ဒီမှာကြည့်"
ပြောရင်းဆိုရင်း အင်္ကျီကြယ်သီးလေးတွေဖြုတ်ပြလာသူကြောင့်ကြည့်လိုက်မိသည်။
"ဟုတ်ပါရဲ့ဒါဏ်ရာကအကြီးကြီးပဲ နာလားဟင်"
"ဟင့်အင်း ဒီဒါဏ်ရာကိုငါရတာဘာမှမဖြစ်ဘူး မင်းသာရသွားရင် ငါသေမှာမောင်"
ထိုအသံကြည်ကြည်လေးကြောင့်ရိပေါ်ရင်ထဲနွေးထွေးသွားရသည်။တစ်ကယ်ပါသူက ရိပေါ်ရဲ့အသက်သွေးကြော
"မောင့်ကိုအဲ့လောက်တောင်ချစ်သလား"
"ဒါပေါ့ တစ်လောကလုံးနဲ့ယှဉ်ရက်တောင်ငါက မောင့်ကိုပဲရွေးချယ်မိမှာ"
"ချစ်လိုက်တာကိုကိုရာ"
အပြောနဲ့အတူနှုတ်ခမ်းတို့ကလဲထိုလူသားလေး၏နှုတ်ခမ်းပါလွှလွှကိုငုံစုပ်ထားမိသည်။
"အဟမ်း!ရှောင်းကျန့် မင်းအခုမှသတိရတာမဟုတ်ဘူးလား အခုလိုလုပ်တာအမြင်မတော်ဘူးလေ"
"ဟမ်!ငါတို့ကဘာလုပ်လို့လဲကျိုးချန်"
"အင်္ကျီကြီးချွတ်ပြီး ဘာလုပ်နေလဲကိုယ့်ဟာကိုပဲသိမှာပေါ့"
"အမ် ငါချွတ်တာမဟုတ်ဘူး"
ကျိုးချန်ရဲ့အကြည့်တွေရိပေါ်စီရောက်သွားပြန်တော့
"ငါလဲမချွတ်ဘူး"
"ဪ...အင်္ကျီကသူ့အလိုလိုကျွတ်သွားတာလား
ငါမပြောချင်ဘူးနော်....ဟင်း""နေပါဦး မင်းကအခန်းတံခါးမခေါက်ပဲဘာလို့ဝင်လာတာလဲ"
"မင်းနားနေမယ်ထင်လို့ပေါ့ ခုတော့အထင်နဲ့အမြင်ကတစ်ခြားစီးပဲ"
"မင်းကလဲငါက မောင့်ကိုလွမ်းလို့ နမ်းုံနမ်းမိတာလေးကို"
"အေး မနေ့တစ်နေ့ကမှယူတဲ့လင်ကိုကျလွမ်းနေလိုက် ငယ်ငယ်ထဲကခင်တဲ့သူငယ်ချင်းကိုတော့မေ့ထား "
"မင်းကလဲအဲ့လိုမဟုတ်ပါဘူးကွာ"
"ငါ့မှာကျတော့ သူအောက်စီဂျင်ကျနေတာလဲတွေ့ရော ဆေးရုံအုပ်တောင်ပြေးခေါ်ခဲ့ကတာ ခုကျသူကဘာမှမဖြစ်သလို လင်နဲ့ချစ်ကြည်နူး တစ်တီတူးနေတယ်"
YOU ARE READING
❤မောင်❤(complete)
Fanfictionငါလဲမာနနဲ့ပါ...ငါလဲယောကျာ်းတစ်ယောက်ပါ...ဒါပေမဲ့မောင်....