မောင်(part21)

3.7K 142 1
                                    

ဝမ်ရိပေါ် ရှောင်းကျန့်ကိုချိန်ရွယ်ကာပစ်လိုက်တဲ့သေနတ်သမားကိုမြင်မြင်ချင်းအလျှင်အမြန်ရွေးချယ်မိတာချစ်ရသူရဲ့အသက်ပင် သူသာဘေးကင်ရင်ဝမ်ရိပေါ်အတွက်အဆင်ပြေသည်။သို့သော်ချစ်ရသူလေးရဲရွေးချယ်မှုက သူ့ရင်အစုံကိုနာကျင်စေသည်။ထိုအကြောင်းကိုသူလေးကိုမသိသည့်အလား။

ရှောင်းကျန့်တစ်ယောက်သူ့ကိုဖတ်လာပြီးကာကွယ်ပေးတဲ့ရိပေါ်ခန္ဓာကိုယ်ကိုတစ်ပတ်ပြန်လှည့်လိုက်ခြင်းကြောင့်ကျည်ဆံထိမိတာကသူပင်။

(ပုံဖော်ကြည့်လိုလွယ်တယ်မလား
ဝမ်လေးက ကောကိုဖတ်လိုက်တော့ကျည်ထိမှာဝမ်လေးဆိုပေမဲ့ကောကတစ်ပတ်ပြန်လှည့်လိုက်တာကြောင့်ကောကိုကျည်ထိသွားတာလေ)

"ကိုကို~~"

ရင်ခွင်ထဲကကောင်လေးကိုပွေ့ဖတ်ရင်းတုန်ရင်စွာခေါ်လိုက်မိသည်။

"မောင်....ငါလေ....မောင့်ကိုသိပ်ချစ်တယ်နော်"

"မောင်သိတယ်...မောင်သိတာမို့မပြောနဲ့တော့နော်.......အခုမောင်တို့ဆေးရုံသွားမယ်"

"မောင်~.......နောက်ဘဝကျရင်ငါတို့တွေအချိန်အကြာကြီးချစ်ရအောင်နော် ငါ့ကိုအများကြီးချစ်ပေးနော်မောင်"

"အင်းချစ်မယ် နောင်ဘဝရောခုဘဝရောအချိန်အကြာကြီးနဲ့အများကြီးချစ်ပေးမှာမို့ အခုဆေးရုံသွားမယ်လေ နော်ဒါမှမောင်နဲ့အချိန်အကြာကြီးနေနိုင်မှာ"

"မောင်~ငါဒီတစ်ခါ မင်းစကားကိုနားမထောင်နိုင်တော့ဘူးထင်တယ်...."

"ဟင့်အင်း.....နားထောင်ရမယ်....မောင်ပြောတာကို ကိုကိုနားထောင်ရမယ် အခုဆေးရုံသွားမယ်"

"မောင်~~ချစ်တယ်"

စကားလေးအဆုံးပျော့ခွေးသွားတဲ့ခန္ဓာကိုယ်လေးနဲ့အတူမှိတ်ကျသွားတဲ့မျက်ဝန်းလေး
ဝမ်ရိပေါ်ရင်နာနာနဲ့ကြည့်နေမိသည်။ဘေးပတ်ဝန်းကျင်လဲသတိမထားမိ အကြမ်းဖတ်အုပ်စုကိုလဲရဲများဖမ်းစီးသွားလေပြီး လူနာတင်ကားလေးရောက်လာပြီးသူ့ကောင်လေးကိုခေါ်ဆောင်သွားချိန်ထိငြိမ်သက်နေသည်။

လူနာတင်ကားရဲ့ခုတင်လေးပေါ်မှာသွေးတွေပေစွန်းနေတဲ့ကောင်လေးတစ်ယောက်ဘေးပတ်ဝန်းကျင်ကိုဂရုမစိုက်နှစ်ခြိုက်စွာမလှုပ်မယှက်အိပ်ပျော်နေပြီးကျန်ကောင်လေးတစ်ယောက်ကတော့ချစ်ရသူလက်ကိုတင်းကျပ်စွာစုပ်ကိုင်ရင်းအသံတိတ်မျက်ရည်ကျကာ ပြန်နိုးလာဖို့လဲတောင်းဆိုနေမိသည်။

❤မောင်❤(complete)Where stories live. Discover now