Unicode
Harryက ပထမနှစ်ကျောင်းသားလေး ဖြစ်တယ် ပြီးတော့ Hogwarts ကိုသွားတဲ့ ရထားပေါ် အရင်ဆုံး ရောက်နေသူလည်းဖြစ်သည်
Harry ရောက်ပြီး ခဏအကြာမှာ ဆံပင်ငွေရောင်လေးနဲ့ ကောင်လေးတစ်ယောက် Harry
ရဲ့ မျက်နှာချင်းဆိုင်မှာ လာထိုင်၏"Hello"
ဆိုပြီး Harry ကစပြီး နှုတ်ဆက်လိုက်သည်"ဟုတ် hello ကျွန်တော် နာမည်က Draco ပါ
Draco Malfoy "
ဆိုပြီး ပြန်နှုတ်ဆက်လိုက်သည်"ကျွန်တော်က Harry Potter ပါ"
"Harry Potter ဆိုတာ အသက်ရှင်ကျန်ခဲ့တဲ့ တစ်ယောက်မလား"
Draco အံဩစွာနဲ့ ပြန်မေးလိုက်သည်"အယ်... ကျွန်တော်ကို သိတာလား"
"သိတာပေါ့ ငယ်ငယ်လေးထဲက အဖေတို့ အမေတို့ ပြောနေကြတာ အမြဲကြားဘူးတယ်"
Draco တစ်ယောက်ကတော့ ကျောင်းမဖွင့်ခင်ထဲက အမြဲကြားဘူးနေသည့် Harry Potter ဆိုတဲ့ ကောင်လေးကို အရင်ထဲက တွေ့ချင်နေပြီးပထမဦးဆုံး ရထားပေါ်မှာ တွေ့ရတာမို့ အရမ်းပျော်နေတာပေါ့Draco ရင်ထဲမှာ ပထမဆုံးတွေ့တွေ့ချင်းမှာတင် ဘာအကြောင်းပြချက်မှ မရှိဘဲ မသိစိတ်ထဲမှာ Harry ကနေရာယူနှင့်ပြီးသားဖြစ်လေသည်
နှစ်ယောက်ကြားရုတ်တရက် တိတ်ဆိတ်သွားကြပြန်တယ် အဲ့အချိန်မှာ Draco ဘက်ကစပြီး
" Harry နဲ့ ကျွန်တော် သူငယ်ချင်းဖြစ်နိုင်မလား"
ဆိုပြီး ပြောလာသည်Harry ကတော့ နည်းနည်းကြောင်သွားပေမယ့်
" ရတာပေါ့ ဘာလို့မရရမှာလဲ အချစ်ဆုံးသူငယ်ချင်းတွေတောင် ဖြစ်နိုင်သေးတာဘဲ"Harry ပြန်ပြောလိုက်တဲ့ စကားကြောင့် Draco တစ်ယောက် နားတွေပါ နီရဲလာလေသည်
ထိုအခြေအနေကို သတိထားမိသွားပြီးတော့ Harry က
"Draco မင်းအဆင်ပြေရဲ့လား နေမကောင်းလို့လား""မဟုတ်ပါဘူးနေကောင်းပါတယ် ပထမဦးဆုံး သူငယ်ချင်းထားဖူးဖြစ်လို့....."
"အမှန်တိုင်းပြောရရင် ကျွန်တော်ရဲ့ ပထမဆုံးသူငယ်ချင်းကလည်း Draco ဆိုတဲ့ ကောင်လေးပါ" *
Harry စိတ်ထဲမှာတွေးနေတယ်ခဏအတွင်းမှာဘဲ Draco နဲ့ Harry ဟာအရမ်းခင်သွားကြတယ် ဘာအကြောင်းပြချက်မှ မရှိဘဲ
တစ်ယောက်နဲ့ တစ်ယောက် စိတ်ထဲမှာ နေရာ အသီးသီး ယူနေပြီးကြပြီးဖြစ်သည်
YOU ARE READING
Just Friend (darry)
RomanceHarry - (မင်းနဲ့ငါရဲ့ ဆက်ခံရေးက ဘာလဲ သူငယ်ချင်းလား) Draco - (ငါရဲ့အမှားတစ်ခုကြောင့် မင်းကို လက်လွတ်လိုက်ရမှာကို ကြောက်တယ်) darry လေးစရေးမှာပါ မူရင်း ဝတ္တုကို အနည်းသာ အခြေခံမှာ ဖြစ်ပါတယ် အခုမှ စရေးတာမို့ အားပေးကြပါဦးနော်