Part 4

343 32 2
                                    

Unicode

Draco အိပ်ပျော်နေသောလည်း Harry ပြောသံလေးကို ကြားနေရသည်ဖြစ်သည်
Draco တစ်ယောက်မျက်နှာများပူလာပြီး နားများပါနီရဲလာပေသည် ထိုအခါမှမျက်စိဖွင့်ကြည့်ကာ

" မင်းကိုယ့်ကို ဘယ်အချိန်ထဲက ထိုင်ကြည့်နေတာလဲ Harry"
"မင်းကိုဘယ်သူက... ဘယ်သူက. ကြည့်နေလို့လဲ
ငါ ငါမကြည့်ပါဘူး"
Harry ရှက်ရှက်နဲ့ ပြန်ပြောလေသည်

"မကြည့်တာသေချာတယ်ပေါ့ မကြည့်ဘူးဆိုလည်း ထားပါ"
Draco တစ်ယောက်ပြုံးပြုံးနဲ့ Harry ကိုစပြီးပြောလေသည်

Harry တို့နှစ်ဦး ခဏတိတ်ဆိတ် သွားကြပြန်လေသည် Harry ဘေးခုံတွေကို လိုက်ကြည့်တော့ ဘယ်သူမှ မရှိတော့ချေ ထိုကြောင့်

" Draco,ငါတို့လည်း နောက်ကျနေပြီ အ‌ဆောင်ကိုပြန်ကြတော့မလား"

"ဟုတ်သားဘဲ မေ့နေကြတာ ဘာလိုလိုနဲ့ ညနေဘက်တောင် ရောက်နေပြီဘဲ မင်းဗိုက်ဆာနေပြီလား တစ်ခုခု စားဦးမလား Harry,"

" အွန်းးး ဗိုက်တော့ နည်းနည်းဆာတယ် ဒါမယ့် ဒီညတော့ ဒီလိုဘဲ အိပ်ပြီး မနက်မှ စားတော့မလို့"

"ကိုယ့်အခန်းထဲမှာ စားစရာတွေရှိတယ် အတူတူ စားမလား"

"စားကြမယ်လေ အဲ့ဆို"
Harry လည်းဗိုက်ဆာ‌နေတာနဲ့ မငြင်းတော့ဘဲ လက်ခံလိုက်သည်

Harry တို့နှစ်ယောက် Slytherin အဆောင်ဘက်ကို
ထွက်လာခဲ့ကြသည် Slytherin အဆောင်ရောက်ပြီး
Draco ကအခန်းထဲခေါ်သွားသည် Harryအခန်းထဲရောက်တော့ ဟိုကြည့်ဒီကြည့်နဲ့ လိုက်ကြည့်နေလေသည်
"Harry ဒီစားပွဲလေးမှာ ထိုင်ဦးနော် ကိုယ်စားစရာတွေ ယူလာပေးမယ်"
Harry လည်း‌Draco ပြောတဲ့အတိုင်းစားပွဲမှာ ထိုင်ပြီးစောင့်နေသည်

Harry စစဝင်လာထဲကပင် Draco စာအုပ်စင်ကြီးကို သဘောကျနေသည် စာအုပ်များမှာလည်း အများကြီးဖြစ်ပြီး စာကြည့်တိုက်မှာ မရှာနိုင်သည့် စာအုပ်များလည်း ရှိနေသောကြောင့်ဖြစ်သည်

" Draco မင်းက စာအုပ်ဖတ်ရတာ သဘောကျတာလား"
Harry စိတ်ဝင်တစားနဲ့ မေးလာသည်

"သဘောကျတာထက် စာအုပ်ဖတ်သာထက်တစ်ခြား ဘာမှလုပ်စရာမရှိခဲ့လို့ပါ"

Just Friend (darry)Wo Geschichten leben. Entdecke jetzt