Part 6

331 32 6
                                    

Unicode

Harry ရော Draco ရောအတွေးကိုယ်စီနဲ့ 
အိပ်ပျော်သွားကြလေသည်
6:00 a.m

Draco တစ်ယောက်ကတော့ မနက်စောစောထ
ပြင်ဆင်ပြီး Harry တို့ Gryffindor အဆောင်ကိုသွားကြိုရန် ပြင်ဆင်လေသည်

(A/N - ခင်တာ ဘယ်လောက်မှတောင် မရှိသေးဘူးလေ အဲ့လိုအကြို့အပို လုပ်တဲ့ အဆင့်တောင်ရောက်ပြီပေါ့  Just Friend တွေပါ )

ရေချိုးရန် ရေချိုးခန်းထဲ ဝင်သွားပြီး ရေချိူးနေစဉ် " ဒီနေ့ Harry နဲ့ကျောင်းရဲ့ မရောက်ဘူးသေးတဲ့ နေရာတွေ အတူတူသွားကြမယ် ပြီးရင် မနက်စာရော နေ့လည်စာရော ညနေစာပါ အတူတူစားမယ် ပြီးရင် Gryffindor အ‌ဆောင်ကို ပြန်လိုက်ပို့ပေးမယ်" Draco ဦးနှောက်ထဲတွင် Harry ကလွဲပြီး ဘာမှ မရှိပေ

ရေချိုးပြီး အပြင်ထွက်လာ၍uniform ‌လည်းနေချိန် နာရီကို လှမ်းကြည့်တော့ 7 နာရီထိုးတော့မည် ဖြစ်သောကြောင့် မြန်မြန် စာအုပ်များကို လွယ်အိတ်ထဲ ထည့်ပြီး Gryffindor အဆောင်ဘက်ကို ပြေးလာလေသည်

Draco တစ်ယောက် Gryffindor အဆောင်‌ဘက် အလောတကြီး ပြေးသွားသည်ကို တွေ့တော့ Professor Mcgonagall က
" Draco တစ်ယောက် Hall ခန်းထဲ မနက်စာ အရင်သွားမစားဘဲ Harry ဆီအရင်ပြေးသွားတော့တာဘဲ ဒီကလေးနှစ်ယောက်တော့ သိတာ မကြာသေးဘူး အရမ်းတွေ ခင်နေကြပါလား"

Draco Gryffindor အဆောင်ရှေ့ရောက်တော့ Harry က‌တော့အခုထိ မထသေးပါ

အဆောင်ရှေ့မှာ Ron နဲ့ Hermione ကိုတွေ့ပြီး
" မောနီး သူငယ်ချင်းတို့ ဒါနဲ့ Harry ကိုမတွေ့ပါလား"
ပြေးလာရသော အရှိန်ကြောင့် အမောက အခုထိမပြေ‌သေးဘဲ အလောတကြီး မေးလာသော Draco ကို Ronက

" မင်းရဲ့ သူငယ်ချင်းကြီးက အခုထိ ထသေးတာ မဟုတ်ဘူးဟ ဘာတွေ အဲ့လောက် လောနေတာလဲ "

ထိုအချိန် Hermione မှ
"အ‌ဆောင်ပေါ် တက်သွားလို့ ရတယ်လေ
Harry အခန်းက လှေကားရဲ့ နောက်ဆုံး မှာ "

" ကျေးဇူးပါ Ron ရော Hermione ရော"
Draco ကျေးဇူးတင်ကြောင်းပြောပြီး အဆောင်ပေါ်ပြေးတက်သွားသည်

အခန်းရှေ့ရောက်တော့ ဝင်သင့် မဝင်သင့် စဉ်းစားနေလေသည်
" အဆောင်ပေါ်က သူ့အခန်းရှေ့တောင် ရောက်နေပြီဘဲ ဝင်လိုက်ပါတော့မယ်လေ "

Just Friend (darry)Where stories live. Discover now