Part 5

332 36 5
                                    

Unicode

" တကယ်လား နောင်တစ်ချိန်မင်းကိုယ့်ကို မခင်တော့ရင်ရော ဒါမှ မဟုတ် ကိုယ်ထက် တစ်ခြားတစ်ယောက်ကို ပိုခင်နေရင်ရော အဲ့အချိန်ကျ ကိုယ်ဘယ်လိုနေရမလဲ Harry..."
Draco တစ်ယောက် Harryကို ဆုံးရှုံးရမှာ အရမ်းကိုကြောက်နေပြီ ဖြစ်သည်

"ငါမှာ မင်းကလွဲပြီး ဘာမှ မရှိပါဘူး Draco...
ငါ့မှာ မိသားစုလည်းမရှိဘူး သူငယ်ချင်းဆိုလို့ ပြေးကြည့်ရင်တောင် မင်းဘဲရှိတာလေ
မင်းသာ ငါ့ကို ပြစ်မသွားနဲ့ "
Harry တို့နှစ်ယောက် ညနေစာစားဖို့တောင် မေ့နေကြပြီ ထိုအခါမှ Draco က
" မေ့နေကြတာ စားစရာတွေ အရှေ့မှာ ထားပြီး Harry မင်းလည်း မြန်မြန်စားတော့ နောက်ကျနေပြီ ကိုယ် Gryffindor အဆောင်ရှေ့ထိလိုက်ပို့ပေးမယ်"
Harry မြန်မြန်စားနေသည်မှာ လေးနှစ်သားအရွယ် စားစရာတွေကို ပါးစပ်အပြည့်ထည့်ပြီး ဝါးနေသော ကလေးလေးလို ပင်ဖြစ်သည် ထိုအခါ Draco တစ်ယောက်
" Harry အစာမ‌ကြေ ဖြစ်လိမ့်မယ် ဖြည်းဖြည်းချင်းစားလေ အရမ်းကြီးနောက်ကျသေးတာ မဟုတ်ပါဘူး "

"ကလေးလေးကျနေတာဘဲ ချစ်ဖို့ကောင်းလိုက်တာ Harry ရာ" **
Draco မှာဆက်တောင် မစားနိုင်ဘဲ သူ့အရှေ့မှာ စားနေသည့် Harry ကိုသာကြည့်ပြီး စိတ်ထဲ အတွေးမျိူးစုံတွေးနေလေသည်

Harry စားပြီးတော့ ည ‌ခြောက်နာရီထိုးနေပြီ
Harry တို့နှစ်ယောက် Slytherin အဆောင်ကနေ
Gryffindor အ‌ဆောင်ဘက်ကို လာခဲ့ကြသည်
အဆောင်က ဘေးချင်ကပ်နေတာဖြစ်တာကြောင့်
ခဏလေးအတွင်း Gryffindor အ‌ဆောင်ရှေ့ကို နှစ်ယောက်သား ရောက်ရှိလာကြပြီ ဖြစ်သည်

" Harry ရောက်ပြီ အဆောင်ပေါ်တက်တော့ မင်းအဆောင်ပေါ် တက်သွားပြီးမှ ကိုယ်ပြန်မယ်"

"ငါက မင်းကလေးလား Draco"
Harry တစ်ယောက် ရွဲ့ပြီးပြန်ပြောလေသည်

"ဟုတ်တယ် မင်းက ကိုယ့် ကလေးလေးဘဲ"
Harry ရဲ့ခေါင်းလေးကို အသာအယာလေး ဖွပြီး ပြန်‌ပြောလေသည်

(Harry ကသူ့ရဲ့ ဆံပင်‌တွေကို ဘယ်သူမှထိတာမကြိုက်ပါဘူး ဒါမယ့် Dracoကတော့ ချွင်းချက်ပေါ့ )

"ဟုတ်ကဲ့ပါ ဖေဖေ အဲ့ဆို သားတော် အပေါ်တက်ပြီ"

"Good night နော်ကိုယ့်ကလေးလေး" 
Draco ဆီက ကလေးလေးလို့ ‌အခေါ်ခံရတာကို Harry တစ်ယောက် ဘာရယ်မဟုတ် သဘောကျနေလေသည်

Just Friend (darry)Où les histoires vivent. Découvrez maintenant