Part 7

439 35 0
                                    

Unicode

ဒီလိုနဲ့ Harry နဲ့ Draco တို့နှစ်ယောက် မနက်နေထွက်ချိန်မှ စလို့ ညနေ နေဝင်ချိန်အထိ တစ်ယောက်ကို တစ်ယောက် တစ်မိနစ်လေးတောင် အပျောက်မခံဘဲ အမြဲ အတူတူရှိနေခဲ့ကြတာ ပထမနှစ်ဝက်ရောက်ခဲ့ပြီဖြစ်သည်။

ဆောင်းဝင်လာပြီ ဖြစ်သည့်အတွက်ကြောင့် ရာသီဥတုမှာ တစ်နေ့ထက် တစ်နေ့ပိုအေးလာသည်နှင့်အတူ  Draco ကလည်း Harryကို တစ်နေ့ထက် တစ်နေ့ပိုပြီးသာ ချစ်မိနေတော့သည်။

Hogwarts ကျောင်းကြီးမှာ Christmasည ကပွဲပါတီက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက နှစ်စဉ် ဆင်နွှဲရသည့် ကပွဲကြီးဖြစ်သည်။ ရှေးအကျဆုံးကပွဲကြီးဖြစ်လေသည်။

(Christmas မရောက်ခင် 7ရက်အလို)

Draco တစ်ယောက်နှင်းများကျနေသည့်ကြားက
Harry ကို Gryffindor အဆောင်ရှေ့တွင် အစောကြီးလာပြီး စောင့်နေလေသည်။

" ကောင်လေး မင်းကိုကြည့်နေတာ ကြာပြီ။ ဘယ်လို ရာသီဥတုနေနေ လာစောင့်နေတာ နေ့တိုင်း မလာတဲ့နေ့ကို မရှိဘူး ညနေ ၆နာရီဆိုလည်း ပုံမှန် ပြန်လိုက်ပို့နေကြ မင်း Harry ကိုအဲ့လောက်ချစ်တာလား? ချစ်တာ အရေးမကြီးဘူး
လာ..လာ အအေးမိလိမ့်မယ် မင်းသူငယ်ချင်းအခန်းထဲ သွားစောင့်နေလို့ရတယ်  "
Gryffindor အဆောင်မှူးက Harry နဲ့ Draco ရဲ့ အရမ်းချစ်ကြသည့် သူငယ်ချင်းသံယောစဉ်လေးကိုကြည့်ပြီး သဘောကျနေလေသည် ။

"ကျေးဇူးတင်ပါတယ်ဗျာ"
မျက်နှာပေါ်တွင် အပြုံးပန်းများဝေဆာလျက်
ကျေးဇူးတင်စကားဆိုကာ အဆောင်ပေါ်‌ပြေး တက်သွားသည်။

အခန်းရှေ့ရောက်သောအခါ တံခါးခေါက်ပြီး
Harry မှ"ဘယ်သူလဲ ဝင်ခဲ့လေ"ဆိုသောကြောင့် Draco တစ်ယောက် အခန်းထဲဝင်သွားသည်။

အခန်းထဲအရောက်တွင် Harryမှ

" ဟျောင်... Draco မင်းဘယ်လို အဆောင်ထဲဝင်လာတာလဲ ခိုးဝင်လာတာလား မိရင် ငါတို့နှစ်ယောက်သေမှာနော်"
အလန့်တကြားနှင့် မေးနေ‌သော Harry ကို

(ကိုယ့်အဆောင်မဟုတ်ရင် ဘယ်အဆောင်ပေါ်ကိုမှ မတက်ရဘူးလို့ အရင်လက စည်းကမ်းတင်းကျက်ထားလို့ပါ)

Draco က
" ကိုယ်ပြောတာ အရင်နားထောင်ပါဦး
အဆောင်မှူးက ဝင်ခွင့်ပြုလိုက်တာ
အဆောင်မှူးက ကိုယ့်ကို သနားသွားတာ ထင်တယ် နှင်းတောထဲမှာ အကြာကြီးစောင့်နေရတာဆိုတော့"
ခန္ဓာကိုယ်မှာလည်း လေအေးတိုက်ခံထားရသောကြောင့် ချမ်းတုန်နေလေသည် ထိုအခါမှ
Harryက ဗီရိုထဲမှ စောင်သွားထုတ်လာကာ Draco၏ အပေါ်ကနေ ခြုံပေးလိုက်ပြီး
မီးလင်းဖို ဘေးမှာ ထိုင်ပြီး ခဏစောင့်နေရန်ပြောသည်။

Just Friend (darry)Where stories live. Discover now