Part 8

243 19 3
                                    

Christmasနေ့ည ကပွဲ မရောက်ခင် ၄ရက်အလို

"Harry.... Harry...ရေ ကိုယ်‌တောင်းပန်ပါတယ်ညက အိပ်တာနောက်ကျသွားလို့ အဲ့တာ....."
ကအတိုက်ဖို့ ချိန်းထားသည့် အချိန်ထက် ၂နာရီကျော်မှ ရောက်လာသောကြောင့် နာရီစင်ပေါ် အပြေးရောက်သော Draco တစ်ယောက်ကို
Harry ပြန်ပြောလိုက်သည်မှာက

"Omm....."
တစ်လုံးထဲတာ ဖြစ်လေသည်။

Draco ရင်ထဲမှာ ရာထောင်ချီသော စစ်သားများ စစ်တိုက်နေသည့်အလားဖြစ်နေကာ ဘာလုပ်၍ဘာကိုင်ရမလဲမသိသည်မှာ အမှန်ပင်ဖြစ်သည်။

"Harry........ ကိုယ်တကယ်‌တောင်းပန်ပါတယ်
နောက်မဖြစ်စေရပါဘူး..... ကိုယ်မကောင်းတာပါ... ကိုယ်က မကောင်းတဲ့သူဘဲ.. ဒီလိုအေးခဲနေတဲ့နေရာမှာ
မင်းကိုတစ်ယောက်ထဲ အကြာကြီး စောင့်နေရတာ ကိုယ်....."
Draco ပြောလက်စ စကားများရပ်သွားစေရသည့် အကြောင်းအရင်းမှာ Harry မပြောမဆို
နှင့် မိမိကို ပြေးဖက်လာသောကြောင့်ဖြစ်သည်။

" တော်တော့ Draco.......
ငါကကို လိုလိုချင်ချင်စောင့်နေခဲ့တာပါ...
ကဲ... ထား‌တော့ အကတိုက်ရအောင်"
Draco မှာလည်းဘာမှမပြောတော့ဘဲ Harry ပြောလာသည်ကို လက်ခံပြီး ကရန်ပြင်ဆင်သည်။

ပထမဦးဆုံး အစတွင် နှစ်ယောက်နေရာ လုနေကြရာ Draco မှစ၍ အလျော့ပေးကာ Harry ဦးဆောင်ကမူနောက် လိုက်သွားရသည်။
နှစ်ယောက်အတော်ကြာ အကတိုက်ပြီးနောက်
တော်တော်ပင် နောက်ကျနေသည်ဖြစ်သည်။
နှစ်ယောက်လုံးမှာလည်း ခြေကုန်လက်ပန်းကျနေပြီဖြစ်ရာ.... Dracoမှ တိတ်ဆိတ်နေသော အခြေနေက စပြီး ဖြိုခွဲလိုက်ရာ

"Harry.... မင်းကြည့်ရတာ ‌တော်‌တော် ပင်ပန်းနေပုံရတယ် နားကြတော့မလား"

"Omm.... နားကြရအောင် ဒီနေ့တော့ ဒီလောက်ဆို လုံလောက်ပြီထင်တယ် အဲ့ဆို.... ပြန်တော့မယ်နော်"

"ကိုယ်လိုက်ပို့မယ်လေ"

"ရတယ်... မလိုဘူး.... ငါဘာသာပြန်နိုင်တယ်"
Harry နှုတ်ဆက်စကား ပြောပြီး Gryffindor အဆောင်ဘက်ကို ထွက်လာခဲ့သည်။

Dracoမှာအပြစ်ရိုသလိုခံစားနေရသည်ဖြစ်သည် အတွက် Harry‌ စောင့်ခဲ့သည့်ထိုအေးခဲလှနေသော နေရာတွင် မိမိကိုယ်တိုင် ၂နာရီကျော်ကြာသည့်အထိ ရပ်နေခြင်းတာဖြစ်သည်။ ဤဖြစ်ရပ်ကို မြင်သော Hermioneမှာ Harry ကို Draco ကိုအဲ့သည်နေရာတွင်တွေ့ခဲ့ကြောင်း တစ်ခုခုစိတ်ပူနေသော ပုံစံဖြစ်နေကြောင်း အစအဆုံးပြောပြသည်။

ထိုအခါ Harryမှနာရီစင်သို့ ပြေးသွားပြီး Dracoတစ်ယောက်ရပ်နေသည့် နေရာသည်မှာလည်း လေအေးများ တိုက်ခတ်နေသောကြောင့်နှလုံးသားတစ်ခုလုံးအေးခဲ သွားမည့်အလာပင်ဖြစ်နေလေသည်။

Harryတစ်ယောက် Dracoနားရောက်သွားပြီး
လက်ကို လှမ်းဆွဲက နှစ်ယောက် မျက်နှာမူလျက် အနေအထားရောက်ပြီဖြစ်ရာမှ

" Draco မင်းတကယ်ဘာဖြစ်ချင်နေတာလဲ"

" ကို‌ယ်ဒီလိုမှ မလုပ်ရင် ကိုယ်လုံးဝ အဆင်ပြေမှာမဟုတ်ဘူး.....ကိုယ်ကိုကိုယ် အပြစ်တင်နေမိမှာ "
Draco မျက်ရည်စများမှာလည်း မဖိတ်ခေါ်ဘဲ ရောက်လာခဲ့သည်။

" Draco ငါပြောတာ သေချာနားထောင်....
မင်းနေမကောင်းဖြစ်ရင် ငါအတွက်ပိုပြီး အဆက်မပြေတယ်..... နောက်ဆို ဒီလိုတွေဆက်မလုပ်ပါနဲ့တော့နော်......"
Draco ကိုရင်ခွင်ထဲ ထည့်ထားပြီးပြောလေသည်။

ထိုနောက် Draco ကိုအစောင်ပြန်ပို့ပေးပြီး
မိမိ အဆောင်ပြန်ရာ လမ်းတွင် ဟိုတလောက အခန်းမှားပြီး ဝင်သွားမိသော အခန်းထဲ ဝင်ရန်ကြိုးစားပြန်သည်။ အရင်တစ်ခါလိုဘဲ အခန်းကြီး၏ ထိုနေရာတွင် မှန်ကြီးက ရှိနေသေးသည်။

Harry တစ်ယောက်မှန်ကိုကြည့်လိုက်တော့ အရင်တစ်ခါကလိုဘဲ မှန်ထဲတွင် ထူးဆန်းသော
ပုံရိပ်များ ထပ်မှန်တွေ့ရှိရလေသည်။

ဘာမှမဟုတ်ဘူး အတွေးနှင့် စိတ်ချော့ကာ အခန်းအပြင် ထွက်လာစဉ် မထင်မှတ်ဘဲ Draco ကိုတွေ့လိုက်ရသည် ဖြစ်သောကြောင့် အလွန်ပင်လန့်သွားရသည်။

"Harry.... အဲ့ထဲကို ဘာဝင်လုပ်တာလဲ"

"ဘာ...ဘာ...ဘာမှမလုပ်ပါဘူး"
Harry ပုံစံမှာ အလွန်ထူးဆန်းနေသည်မှာအမှန်ပင်။ တစ်ခုခုမကောင်းတာလုပ်ပြီး အဖေဆူခံရမှာ ကြောက်နေသော ကလေးလေးအလားပင်ဖြစ်လေရာ

"ဘေးဘယ် ကိုယ်ဝင်ကြည့်ဦးမယ်"
Harry မတားနိုင်လိုက်ဘဲ Draco တစ်ယောက် အခန်းကျယ်ကြီးထဲ ရောက်သွားပြီဖြစ်သည်။

"ဒါက ဘာမှန်ကြီးလဲ Harry....."

"မ.... မသိဘူး‌လေ"

Draco မှန်ကိုသွားကြည့်လိုက်တဲ့အခါ တွေ့လိုက်ရသည်မှာလည်း Harry တွေ့မြင်ကသည့်အတိုင်း တစ်ထပ်ထဲ ဖြစိနေလေသည်။

" Harry.... ဒီကိုလာပြီး မှန်ကိုကြည့်ကြည့် ပြီးရင် မှန်ထဲမှာ ဘာမြင်ရလဲဆိုတာ ကိုယ့်ကို အမှန်တိုင်းပြောပြ"

You've reached the end of published parts.

⏰ Last updated: Nov 03, 2023 ⏰

Add this story to your Library to get notified about new parts!

Just Friend (darry)Where stories live. Discover now