Part 3

461 44 4
                                    

Harry ၏ပါး‌တွေနီးလာပြီး ရှက်သွားသည်
ထိုစဉ် Professor က Harryတို့စကားပြောနေတာတွေ့သွားပြီး
"Harryနဲ့ Draco ပထမဆုံးအချိန်ဘဲရှိသေးတယ်
စာကိုသေချာလိုက်မလုပ်ဘူးလား"

"ဟုတ် Professor တောင်းပန်ပါတယ်"
ဆိုပြီး Harryတို့နှစ်ယောက် စာကိုအာရုံစိုက်လိုက်ကြသည်

Professor Mcgonagall အတန်းချိန်ပြီးတော့
Harry နဲ့ Draco အပြင်ဘက်ကိုထွက်လာကြပြီး နှစ်ယောက်အတူတူ ထမင်းစားခန်းဘက် လာခဲ့ကြသည်

သွားရာလမ်းမှာ Hermione နဲ့ Ron နဲ့ကိုတွေ့သည်

" hyy.. Harry"

"Hello Hermione"
Harryမှ ပြန်နှုတ်ဆက်လိုက်သည်

"ဘယ်သွားကြမလို့လဲ Harry
ပြီးတော့ ဘေးကသူက ဘယ်သူလဲ"
Ron ကမေးလေသည်

"အော် ငါတို့က ထမင်းစားဆောင်သွားကြမလို့လေ Draco မနက်အိပ်ယာထ နောက်ကျနေလို့
ဘာမှမစားရသေးဘူးလေ အဲ့ကြောင့် အတူတူသွားမလို့  ဟုတ်သားဘဲမေ့နေတာ
ငါမင်းတို့ကို မိတ်ဆက်ပေးမယ်"

"သူနာမည်က Dracoတဲ့ Draco Malfoyလေ"
Harry မှ Hermioneနဲ့ Ron ကိုမိတ်ဆက်ပေးလိုက်သည်

"ဟုတ်....  တွေ့ရတာ ဝမ်းသာပါတယ်"

" ဒီကောင်မလေးက Hermioneတဲ့
ဒီဘက်က Ron တဲ့"
ဆိုပြီး Harryက Draco ကိုမိတ်ဆက်ပေးနေတယ်

"Harry ကိုခင်သလို ကျွန်တော်တို့လည်း ခင်ပေးကြပါနော်"
Hermione နဲ့ Ron ကပြန်ပြောလိုက်သည်

ထိုနောက် Hermione နဲ့ Ron ကစာကြည့်တိုက်ကိုသွားတော့မယ်ဆိုကာ
"နောက်မှတွေ့မယ်"ဟု နှုတ်ဆက်ကာ Harryတို့ ထမင်းစားဆောင်ဘက်ကို ထွက်လာခဲ့ကြသည်

ထမင်းစားဆောင်ရောက်တော့ Harry က စားပြီးပြီ ဖြစ်တာကြောင့် Draco စားနေသည်ဘေးမှာ ထိုင်၍ စာအုပ်ဖတ်နေလေသည်

တိတ်ဆိတ်နေသော ထမင်းစား စားပွဲပေါ်တွင်
Draco မှစပြီး
" Harry... မင်းက သူငယ်ချင်းအသစ်တွေတောင်ရနေပြီပေါ့"

Draco၏ အူတိုပြီးမေးလာသော ပုံကြောင့်
Harry ပြုံးလိုက်မိသည်

"Draco မင်းမနာလိုဖြစ်နေတာလား"
Harry မှရီပြီးပြန်လေသည်

"ရီစရာပါလား Harry ကိုယ်တကယ်ပြောနေတာ
အဲ့ နီကြောင်ကြားဆံပင်နဲ့ကောင်‌လေးနဲ့ ဟိုကောင်မလေး‌‌တွေကို ငါထက်ပိုခင်သွားမှာ မလိုချင်ဘူး"
Harry နည်းနည်းကြောင်သွားတယ် Draco ဘက်မှာ အတည်ကြီးပြောနေတာဖြစ်သည်
မျက်နှာမှာလည်း စိုးရိမ်မှု့တွေ အပြည့်ဖြစ်နေသည်ကို Harry တစ်ယောက် သတိထားမိလေသည်

Just Friend (darry)Where stories live. Discover now