Part 2

665 66 5
                                    

Unicode

Hall ခန်းထဲကို ပထမနှစ်ကျောင်းသား‌တွေ ဝင်လာခဲ့ကြပြီး ကျောင်းအုပ်ကြီး Albus Dumbledore ကပြောနေကြအတိုင်း မိန့်ခွန်းများပြောပြီး Professor Mcgonagall ကကျောင်းသား နာမည်တွေကို အစီစဉ်ကျ ခေါ်နေပြီး မှော်ဦးထုပ်က သူတို့နေရမယ့် House တွေကို‌ရွေး ပေးတာ ဖြစ်သည်

Professor Mcgonagall က Hermione Granger လို့ခေါ်လိုက်ရာ Hermione ကိုမှော်ဦးထုပ်စောင်းပေးလိုက်ပြီး ဦးထုပ်က "Gryffindor အဖွဲ့ကိုသွားသင့်တယ်"
Gryffindor ကကျောင်းသားတွေ လက်ခုပ်တီးပြီး ကျောင်းသူ အသစ်လေးကို ကြိုဆိုကြသည်

ထိုနောက် Harry Potter အလှည့်ကိုရောက်လို့လာတယ် သူကျတဲ့ house ကလည်း Gryffindor ဘဲဖြစ်သည်

"Draco ရေမင်းလည်း Gryffindor ဖြစ်မှာပါနော်"**
Harry စိတ်ထဲမှာခုနေတယ်

Professor က Draco Malfoy လို့ခေါ်ချိန်မှာ မှော်ဦးထုပ်ကို ခေါင်းပေါ်တင်‌ပေးလိုက်ပြီး ဦးထုပ်က
" Slytherin " ဆိုပြီးပြောလိုက်တဲ့အချိန်မှာ
Draco နဲ့ Harry နှစ်ယောက်လုံး မျက်နှာပျက်သွားကြသည်

သူတို့ထင်ထားသလိုဖြစ်မလာခဲ့တဲ့ အတွက်
စိတ်မကောင်းဖြစ်နေကြသည်

ကျောင်းသားအားလုံး အဖွဲ့တွေခွဲပြီးနောက် အဖွဲ့ကိုယ်ဆီ ကိုယ့်အဖွဲ့ရဲ့ စားပွဲမှာ ထိုင်နေကြပြီဖြစ်သည်

အားလုံးပျော်ရွှင်နေကြသောလည်း အဲ့ထဲမှာ draco နဲ့ Harry မပါပေ

ဒါမယ့် မကြာခင်မှာဘဲ Harry ကသူငယ်ချင်း အသစ်နှစ်ယောက်ရသွားတယ် သူတို့နာမည်တွေက Hermione နဲ့ Ron တို့ဖြစ်တယ် သူတို့က Gryffindor စားပွဲမှာမှ စပြီး ခင်ကြတာ ဖြစ်သည်

အားလုံးစားသောက်ပြီး၍ Hall ခန်းအပြင်ကို ထွက်လာကြတယ် Draco က Harry ကိုအခန်းပြင်မှာ စောင့်နေတာဖြစ်သည်

"Harry"
Draco ဆီမှာ ငိုသံလေးနဲ့ လာတဲ့ နာမည်ခေါ်သံလေးကို Harry အခန်းအပြင်ရောက် ရောက်ချင်းမှာကြားလိုက်ရသည်

Harry စိတ်ပူကာ Draco ဆီကိုပြေးသွားခဲ့ပြီး
"Draco မင်းအဆင်ပြေရဲ့လား ငါလည်း တစ်ကယ်စိတ်မကောင်းပါဘူး အတူတူနေရဖို့ ကံပါမလားဘူးနဲ့တူတယ်"
Harry တစ်ယောက် ကြမ်းပြင်ကိုသာကြည့်ပြီးပြောလိုက်သည်

Just Friend (darry)Where stories live. Discover now