Part 3

173 21 0
                                    

လူတစ်ယောက်ကို ချစ်ဖို့က ၈စက္ကန့်ပဲလိုအပ်တယ်လို့ ပညာရှင်တွေဆိုကြတယ်။ ဒါဆို ချစ်တဲ့သူကိုမေ့ပစ်ဖို့ဆိုရင်ရော အချိန်ဘယ်လောက်ယူရမယ်လို့ ထင်လဲ။

၈နှစ်လား... နှစ်၈၀လား... ။ ကျနော်တော့ တကယ်ကိုမသိတော့ဘူး အကိုရယ်။ အကိုရော ဘယ်လိုထင်လဲ။

.................

"ငါက Jaehyun ထက်တောင်ကြီးတောင်သေးတာကို... ငါတို့ကိုကျတော့ ဘာလို့အကိုလို့ မခေါ်တာလဲ..."

ဒါကတော့ တလွဲဂျပန်ကြီးရဲ့ အငေါ့တူးစကား။ ဘေးနားကနေ ဟားဟားဟားလို့ အခြေနေနဲ့လိုက်ဖက်ညီအောင် ရီနေတာက တရုတ်ကြီး။

"ငါကမှ မင်းတို့ကိုအကိုလို့မခေါ်ချင်တာ..."

ဒါကတော့ အမှန်ပဲ။ သူက အကို့ကိုပဲ အကိုလို့ခေါ်ချင်နေတာ။ သူငယ်ချင်းအချင်းချင်း မဖြစ်မနေခေါ်စရာမလိုမှန်းလဲ သိတယ်။ ဒါပေမယ့် သူ့စိတ်ကိုက ခေါ်ချင်နေတာ ဘယ်လိုလုပ်ရပါ့မလဲ။ ဒီတိုင်းလေး ဘေးနားမှာရှိနေရင်တောင် လုံခြုံတယ်လို့ ခံစားရတယ်။ ပြုံးပြလိုက်ရင် အရမ်းနွေးထွေးတယ်လို့ ထင်မိတယ်။ အစ်ကိုရင်းသာဆို ဘယ်လောက်များကောင်းလိုက်မလဲ။

တဖြည်းဖြည်းနဲ့ သူတို့တစ်ယောက်အကြောင်း တစ်ယောက်နားလည်လာခဲ့တယ်။ ရုပ်တည်ကြီးနဲ့ မသိဘူးလွဲမယ်လို့ ခံယူထားတဲ့ Senpai ကြီးကိုလဲ သူချစ်လာတယ်။ စကားလုံးအသစ်တွေကို နားမလည်တဲ့ကြားကပင် တလွဲတွေပြောပြောလာတဲ့ WinWinရဲ့ စကေးကိုလဲ သူအသားကျလာတယ်။ တစ်နေ့တစ်နေ့ တလွဲတွေလုပ်လိုက် သူများတွေကိုလိုက်စလိုက်နဲ့ ပျော်ရွှင်နေရတဲ့ကျောင်းသားဘဝကိုလဲ သူခုံမင်လာတယ်။ အကောင်းဆုံးလို့ ခံယူထားတဲ့အရာကတော့ အကိုတို့နဲ့ခင်ခွင့်ရခြင်းပါပဲ။ မိသားစုဝင်လို ငယ်ပေါင်းကြီးဖော်တွေလို သူငယ်ချင်းသုံးယောက်လုံးကို အရမ်းချစ်ရပါတယ်။

နေရတာအချိန်ကြာလာတာနဲ့အမျှ နားလည်လာခဲ့တာက ဒီခင်မင်မှုတွေက အဖြူထည်သပ်သပ်ဆိုတာကိုပါပဲ။ အရင်က စကားစမပြောတတ်တဲ့ Na Jaeminရဲ့ အကျင့်လေးက ကြက်ပျောက်ငှက်ပျောက်။ အဲ့အကျင့်ကလဲ Na Jaeminလေးရဲ့ ပင်ကိုအကျင့်မဟုတ်ရပါ။ ပတ်ဝန်းကျင်က သူ့ကိုပုံသွင်းပစ်လိုက်တာ။ အပြိုင်အဆိုင်လုခဲ့ရတဲ့ Gradeတွေ နည်းနည်းလေးမှားသွားတာနဲ့ တွန်းချကြမယ့် ပတ်ဝန်းကျင်မှာ သူဟာရှင်သန်ခဲ့ရတယ်။ တစ်ယောက်နဲ့တစ်ယောက်တွေ့ကြရင် မင်းကဘယ်Gradeကလဲ လို့စမေးကြတဲ့ ကျောင်းသားဘဝကို သူပိုင်ဆိုင်ခဲ့ရတယ်။

Dry leaf in my DiaryWhere stories live. Discover now