Part 20

158 19 6
                                    

တစ်ခါတလေတော့လဲ အချစ်ကပေးဆပ်ခြင်းဆိုတဲ့ Logic ကြီးကို သူကမုန်းမိပါတယ်။

ပေးဆပ်လိုက်လို့ ပြန်ရတာက နာကျင်ခြင်းတွေပဲဖြစ်နေတာမို့လို့။

...................

ဒီနေ့မှာတော့ ဖျက်ပစ်လို့မရတဲ့ ချိန်းဆိုမှုတွေကြောင့် သူတို့လေးယောက်... အခု အစ်ကိုDoyoung အပါအဝင်ဆိုငါးယောက်ပေါ့။ သူတို့ငါးယောက်က တစ်ချိန်တစ်ခါက အမှတ်တရတွေရှိခဲ့တဲ့ ကျွန်းလေးပေါ်ကိုပြန်သွားကြဖို့ ဆုံးဖြတ်ထားတာဖြစ်လို့ Jaeminကလဲ သဘောတူလိုက်တယ်။ သူလဲသတိရနေခဲ့တာမလား။

"အဲ့တော့ Jeffrey က ကျောင်းပြေးတဲ့လူဆိုးလေးပေါ့... ဟုတ်လား... ဟားဟား..."

"ကျနော်ဆိုးတာ အခုမှသိလား... အဟက်..."

"အစ်ကို့ရေ သူက အားလုံးထဲမှာအဆိုးဆုံးသိလား... ရန်ဖြစ်လို့ဆေးရုံရောက်ရတာက တစ်မျိုး... အပြစ်ပေးခံရတာကတစ်မျိုး... ဟားဟား..."

Yuta ရဲ့စကားကို သူတို့အားလုံး ရီလိုက်ကြတယ်။ တကယ်ကို ပျော်စရာကောင်းတဲ့အချိန်တွေဖြစ်ခဲ့တာပဲ။ အဲ့လိုနဲ့သူတို့ လှေပေါ်ကဆင်းပြီး အရင်ကတည်းခဲ့တဲ့ ဆိုင်ပိုင်ရှင်အန်တီကြီးဆီပြန်သွားပြီး နေခွင့်ပေးဖို့တောင်းဆိုကြတယ်။ သူတို့ကိုမှတ်မိနေခဲ့တဲ့ အန်တီကြီးကတော့ မျက်ရည်တွေဝဲလို့။ အမှတ်တရတွေက အတိတ်တစ်ခုအဖြစ်ကျန်ခဲ့ပေမယ့် ဟောင်းနွမ်းခြင်းတော့မရှိပါလား။

‌ဒီတစ်ခါမှာတော့ သူတို့အတွက်အချိန်ကတစ်ရက်ပဲ ရတာကြောင့် ရောက်ရောက်ချင်းဈေးတွေဝယ်။ ပြီးတော့ မီးပုံလုပ်ဖို့အတွက် ပြင်ဆင်ကြနဲ့။ ခြေထောက်သက်သာသွားပုံရတဲ့ အစ်ကိုDoyoungကလဲ တတ်နိုင်သလောက်ကူညီပေးတော့ ပိုရင်းနှီးလာသလို ခံစားရတယ်။ ကျွန်းလေးကလဲ အရင်ကနဲ့မတူတော့ဘဲ လူပိုစည်လာတယ်။ ခရီးသွားလေးတွေလဲ ဟိုတစ်စုဒီတစ်စု။ ဈေးထဲမှာတောင် သူတို့တုန်းကလို ကျောင်းပြေးလာတဲ့ ကောင်လေးတွေကိုတွေ့တော့ Yuta နဲ့ WinWinက ရှေ့လျှောက်လဲ ကျောင်းပြေးဖို့ မြှောက်ပေးနေကြသေးတယ်။ တကယ် မလွယ်ကြောတွေ။

နောက်ဆုံးမှာတော့ ဟိုလုပ်ဒီလုပ်နဲ့ပဲ ညဘက်မီးပုံပွဲလုပ်ဖို့ သူတို့စီစဉ်စရာရှိတာတွေ စီစဉ်ကြရတယ်။ မီးပုံတွေဖို ဓာတ်ပုံတွေရိုက် ရီလိုက်မောလိုက်နဲ့ပဲပေါ့။

Dry leaf in my DiaryWhere stories live. Discover now