Part 18

183 18 16
                                    

First love will never die တဲ့။ ဒါပေမယ့် မလိုအပ်တော့ဘူးလေ။ သိမ်းဆည်းထားဖို့ကလွဲရင် မတတ်နိုင်တော့တဲ့ ပန်းနုရောင်ပါဆယ်လေးတစ်ခု။

........................

California ဆောင်းညက ထင်ထားတာထက်ပိုအေးတယ်။ နှင်းတွေဆိုတာ ဖွေးဖွေးကိုလှုပ်ရော။ ဒါဆို သူ့ရဲ့မွေးရပ်မြေမှာရော ဘယ်လိုများနေမလဲ။ မွေးရပ်မြေအကြောင်းတွေးရင်း စိတ်လှုပ်ရှားစွာရီလိုက်တော့ ပါးချိုင့်တွေက သူ့ပါးပြင်ပေါ်မှာ အထင်းသား။ ဆယ်နှစ်ရှိပြီ။ မရောက်တာ ဆယ်နှစ်ရှိပြီဖြစ်တဲ့ မွေးရပ်မြေကို သူမနက်ဖြန်မှာ ပြန်ရတော့မယ့် အဲ့ခံစားချက်က သူ့ကိုပျော်ရွှင်စေတယ်။

လက်မောင်းတစ်ဖက်က ကျင်လာတဲ့ခံစားချက်ကြောင့် ဘေးကိုအကြည့်ပို့တော့ သူ့လက်မောင်းပေါ်ခေါင်းအုံးအိပ်နေတဲ့ ချစ်သူကို Jaehyun တွေ့လိုက်ရတယ်။ ကြည့်စမ်း အိပ်နေလိုက်တာများ ကသွေကမောပဲ။ ရှုပ်ယှက်ခတ်နေတဲ့ ဆံပင်တွေကို အနည်းငယ်ပြန်သပ်ပေးလိုက်ပြီး သူနေမြဲပုံစံအတိုင်း ပြန်နေလိုက်ရတယ်။ တော်ကြာ သူလှုပ်လိုက်လို့နိုးသွားရင် ယုန်ဆိုးကြီးက သူ့ကိုရှယ်ရစ်မှာ။

ဒါပေမယ့်လဲ သည်းခံနိုင်စွမ်းက ကြာကြာမခံပါဘူး။ အအေးဒဏ်ကြောင့်အနည်းငယ်နီနေတဲ့ ယုန်ကြီးရဲ့နှာခေါင်းထိပ်လေးကို ခပ်ဖွဖွကိုက်ချလိုက်တယ်။ ကြည့်နေရင်း အသည်းယားလာတာကိုး...။ တအူးအူး တအဲအဲနဲ့ ဘာတွေရေရွတ်မှန်းမသိ ရေရွတ်ရင်းဟိုဘက်လှည့်သွားမှ သူသက်ပြင်းချနိုင်တယ်။ တော်သေးတာပေါ့။

သူ့ယုန်ကြီးရဲ့နာမည်က Doyoung။ Kim Doyoung...။ US ရောက်နေတဲ့ ကိုရီးယားဖွားပေါ့။ သူ့အစ်ကို Taeil ရဲ့ သူငယ်ချင်း သူ့ထက်လဲသုံးနှစ်ကြီးတဲ့ ဒီယုန်နဲ့တူတဲ့အစ်ကိုကြီးက သူ့လက်တွဲဖော်ဖြစ်လာလိမ့်မယ်လို့ သူလဲဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး။ မနက်ဖြန်မှာတော့ မွေးရပ်မြေကိုပြန်ပြီး သူတို့နှစ်ယောက်လက်ထပ်မယ့်အကြောင်းကို အသေးစိတ်သွားရှင်းပြရင်း မိဘတွေကိုလဲ တစ်ခေါက်မိတ်ဆက်ပေးရင်းပေါ့။ တကယ်ဆို သူကမရောက်ဖြစ်တာ ဆယ်နှစ်... သူ့ယုန်ကြီးက မရောက်ဖြစ်တာ နှစ်နှစ်ဆယ်ကျော်ပြီမလား။ Ph ထဲမှာတော့ မေမေက သူ့သားထက်ယုန်ကြီးကို ပိုချစ်တယ်။ အပြင်မှာ သူ့သားကိုယုန်ကြီးရစ်တာမမြင်သေးလို့။ မြင်ရင်တောင် သူ့အမေက သမက်ဘက်ကပါမှာလေ။ သူမြင်ယောင်နေတယ်။

Dry leaf in my DiaryWhere stories live. Discover now