Part 4

133 24 0
                                    

လူတွေဟာ တစ်စုံတစ်ခုကိုရှာတွေ့ချိန်မှာ အရူးတစ်ယောက်လို ပြုမူပါသတဲ့... ပြီးတော့ မျက်ကန်းတစ်ယောက်လိုလဲ ဘာကိုမှမမြင်နိုင်တော့ပါဘူးတဲ့... ဒါမှမဟုတ် မမြင်ချင်ယောင်ဆောင်ပစ်လိုက်တာများလား... အဲ့နားလေးတော့ နည်းနည်းဒွိဟဖြစ်နေမိတယ်...။

ထားပါ... အဲ့တာ ဘယ်အချိန်လဲဆိုတာ အကိုသိလား... ကျနော်တော့သိတယ်...။

..................

"အဲ့တာ ငါတို့နေရာ... မင်းဖယ်လိုက်တော့..."

သူ့ပခုံးတစ်ဖက်ကိုညှစ်ပြီး လာပြောတဲ့အသံကြောင့် သူနောက်ကိုလှည့်ကြည့်မိလိုက်သည်။ တစ်ခါမှမမြင်ဖူးတဲ့လူတွေပါလား။

"ငါထိုင်နေတာ မင်းတို့မတွေ့ဘူးလား..."

ခပ်ရင့်ရင့်ပြောလာသော ကျောင်းသားသုံးဦးကို ခပ်ရင့်ရင့်သာပြန်ချေပလိုက်သည်။ ထောင့်မကျိုးတဲ့မျက်နှာနဲ့ လေသံရင့်ရင့်က ဘူစွာလုပ်တတ်တဲ့ကျောင်းသားတွေဆိုတာ သိပ်သိသာလွန်းစေတယ်။ Jaeminကို ဒီလိုမျိုးလာလုပ်မရဘူး။ ပခုံးပေါ်ကိုတင်ထားသည့်လက်ကို အားနှင့်ဖယ်ချလိုက်ပြီး ထိုကျောင်းသားများနှင့် မျက်နှာချင်းဆိုင်ရပ်လိုက်သည်။ ထို့နောက် အလယ်မှာရပ်နေသည့် အကောင်ထွားထွားကျောင်းသားနှင့် မျက်လုံးချင်းစုံနေအောင် ကြည့်လိုက်သည်။

"သေချင်နေလား... ငါတို့ကိုမသိဘူးလား..."

ပခုံးကိုတွန်းပြီး ပြောလာတဲ့ကောင်ဆီကနေ နည်းနည်းလေးမှ အကြည့်မလွှဲမိ။

"မင်းတို့က Super Juniorလား... လူတိုင်းသိနေရအောင် နာမည်ကြီးတွေလား... အဟား... ရီရလိုက်တာ..."

ခြိမ်းခြောက်သံကို ခပ်ငေါ့ငေါ့ရီပစ်လိုက်တယ်။ ဟုတ်တယ်။ ရန်ဖြစ်ချင်စိတ် ရန်လိုချင်စိတ်ဆိုတာမျိုး မရှိပေမယ့် ကိုယ့်ကိုလာထိရင်တော့ နည်းနည်းလေးတောင်သည်းမခံနိုင်ဘူး။ ထိုစဉ်... ဟိုဘက်ကကျောင်းသားတစ်ယောက်က သူ့ဘေးနားက ထိုင်ခုံကိုကန်ပစ်လိုက်ခြင်းကြောင့် ဗုန်းကနဲမြည်အောင် ထိုင်ခုံကိုကန်ချလိုက်သောအသံက ကျောင်းCanteenတစ်ခုလုံးကို ပျံ့လွင့်သွားသည်။

Dry leaf in my Diaryحيث تعيش القصص. اكتشف الآن