မစရခင်ကထဲက ပြီးသွားခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ရှိတယ်တဲ့။
တစ်ခါတုန်းကပေါ့.............
ဝေးသွားခဲ့ရပါပြီ.............။
ခေါင်းစဉ်လေးကတော့ ကျနော့်အချစ်ဦးတဲ့။
...........................
"အဒေါ်ကြီးရယ်... ဈေးလေးနည်းနည်းလျှော့ဦးလို့... အများကြီးဝယ်ထားတာကို..."
"ကျနော်တို့ ချောမောမှုနဲ့ရှင်းလို့ရမလား...ဟီးဟီး..."
သူဈေးဆစ်နေတာအကောင်း။ ဘေးနားကနေ ပေါက်တတ်ကရတွေပြောနေတာက ဂျပန်ကြီး။ ရိုက်ပေါက်တွေဟေ့ Yuta ရေ။ ဆိုင်ကရိုက်ထုတ်ခံရတော့မယ်။
အသီးရွက်ဆိုင်ကိုတာဝန်ကျတဲ့ အကိုနဲ့ WinWin ရော အဆင်ပြေပါ့မလား။ လေးယောက်ပေါင်း စုထားတဲ့ပိုက်ဆံလေးရယ် ဘတ်ငွေလေးရယ်... ဘတ်ငွေဆိုတာကတော့ ထိုင်းကဘတ်ငွေမဟုတ်ပါဘူး။ အိမ်ကမသိအောင်ဘတ်ထားတဲ့ ဘတ်ငွေတွေရယ်ပါ။ အဲ့ဒီ့လေးယောက်ပေါင်းပြီး ယူလာတဲ့ပိုက်ဆံက Speed boat အသွားအပြန်ဖိုးရယ် နေစရိတ်ရယ်နဲ့တင် တော်တော်ကုန်နေပြီ။ ဒါတောင် တည်းတဲ့ဆိုင်က ဆိုင်ရှင်အဒေါ်ကြီးက သူတို့လေးယောက်ကို ချစ်လို့ဆိုပြီး ပိုက်ဆံတစ်ဝက်ပဲယူတယ်။ ဘယ်ရောက်ရောက်အချစ်ခံရတဲ့ ဇာတာပါတော့လဲ တစ်မျိုးတော့ကောင်းသားပဲနော်။
"Jaemin... ငါတို့ အကုန်စုံပြီမလား..."
ကိုယ့်ကိုယ်ကိုယ်ကြံဖန်ဂုဏ်ယူနေစဉ် Yutaရဲ့ အမေးစကားကို ကြားလိုက်ရလေသည်။
"စုံပြီလေ... ငါးနှစ်ကောင်ရယ်... ပုစွန်ရယ်... ကင်းမွန်ရယ်... ခရုရယ်... များတောင်များသွားလားမသိဘူး..."
"အိမ်ပြန်ဖို့ စရိတ်ကျန်ရင်တော်ပြီ... ဝယ်ချင်တာသာဝယ်..."
တော်တော်လဲ အားပေးကောင်းတဲ့ဂျပန်ကြီး။ ကောင်းတယ် အဲ့လိုစိတ်အေးလက်အေးရှိတာ။
"ကျန်ပါတယ်... မကျန်လဲ မင်းတို့အတွဲနေခဲ့ပေါ့ကွာ... ဦးတို့အန်တီတို့ကို မင်းတို့နှစ်ယောက်ခိုးပြေးသွားပြီလို့ ပြောလိုက်မယ်လေ... ဟားဟား..."
"အေးနော်... မင်းအကြံမဆိုးဘူး... ငါတို့နှစ်ယောက်တစ်ခါထဲ ခိုးပြေးလိုက်တော့မယ်... ဟဲဟဲ..."
YOU ARE READING
Dry leaf in my Diary
Fanfiction(Unicode) You are such a dry leaf in my diary or in my beautiful memories.