Part 21

191 17 6
                                    

ကိုယ့်အတွက်မင်းက တောင်ပံတစ်စုံဖြစ်ခဲ့ပါလျှင် ကိုယ်ကလဲမင်းထက်မလျော့တဲ့ စိတ်ဆန္ဒမျိုးနဲ့ မင်းကိုအမြင့်မှာ ပျံသန်းစေချင်ခဲ့ပါတယ်...။

မေတ္တာတရားဆိုတာမျိုးက အဖြူထည်သန့်သန့်လေးပါပဲ ကလေးရေ...။

......................

Jaehyunက မူးမူးနဲ့လျှောက်ရစ်နေတဲ့ ယုန်ကြီးကိုအသေအလဲချော့ပြီးနောက်မှာ အောင်မြင်စွာနဲ့ သူတို့မီးပုံပွဲလုပ်ထားတဲ့နေရာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ သူတို့တွေရဲ့တည်းခိုဆောင်ကို ပို့လိုက်နိုင်ပြီဖြစ်တယ်။ အရင်အတိုင်း အဒေါ်ကြီးခင်းကျင်းပေးထားတဲ့ အပေါ်ထပ်မှာ ယုန်ကြီးကိုထားရင်း သူကြိတ်ရီလိုက်တယ်။ ဘာလို့လဲဆိုတော့ ဟိုဘက်မှာ စိတ်ကောက်ပြီးတစ်ဖက်လှည့်အိပ်နေတဲ့ WinWin ကို မျက်နှာငယ်လေးနဲ့ ချော့နေတဲ့ Yutaရှိနေတာကိုး...။

Yuta ကို သူရောက်လာတာကို သတိထားပြီးတဲ့နောက်မှာ ရီပြရင်းသူ့ကိုလက်ခလယ်ထောင်ပြတော့ သူ့မှာရီလိုက်ရတာ။ ဒီလိုနဲ သူယုန်ကြီးဘေးမှာ ဝင်အိပ်ဖို့လုပ်တော့ အရင်ကအချိန်တွေကို သတိပြန်ရမိလာတယ်။ အရင်တုန်းက သူ့ဘေးမှာ ဟိုကလေးအိပ်ခဲ့တာမလား။ အဲ့လိုဆိုမှ အပေါ်ထပ်ကို သူတို့လေးယောက်ပဲရောက်သေးတယ်။ Jaemin တစ်ယောက်မရောက်သေးပါလား။ မူးပြီးဘယ်နေရာမေှာက်နေလဲ မသိဘူး။ မသောက်နိုင်တဲ့ကလေးက ဒီနေ့မှအများကြီးသောက်သွားတယ်လေ။

မနေနိုင်မထိုင်နိုင်စိတ်ပူမိတော့ သူ့ခြေလှမ်းတွေက အလိုလိုခုနကသူတို့မီးပုံဖိုခဲ့တဲ့ နေရာဆီပြန်ရောက်သွားတယ်။ အတွဲတွေကြားမှာ ဒီကလေးနေရခက်နေလို့များလား။ ခက်ခက်ခဲခဲပြန်ဆုံရချိန်မှာတောင် သေသေချာချာစကားမပြောရသေးဘူး။ အမြဲတမ်းတွေ့ချင်နေပါတယ်ဆိုပြီးတော့ ပြန်တွေ့ချိန်မှာတောင် ပိုပြီးဝေးကွာသွားသလိုခံစားရတယ်။ ကိုယ်တို့ကြားထဲမှာ ဘာမှလဲမပြောင်းလဲခဲ့ပဲနဲ့နော်။

အရင်ကဆို အကိုလို့ခေါ်တတ်ပြီး အမြဲပြုံးနေတတ်တဲ့ကလေးက Jaehyun shii လို့ခေါ်လိုက်တဲ့အချိန်မှာ အသားမကျစွာ ဝင်ရောက်လာတဲ့ ကိုယ့်နာမည်ကိုယ်တောင် အားမရဖြစ်မိတယ်။ ပိုပြီးရင့်ကျက်လာတယ်လို့ထင်ရပေမယ့် အဲ့ကလေးရဲ့မျက်ဝန်းတွေက တစ်ခုခုကိုပျောက်ဆုံးနေသလိုမျိုး။ အရပ်ပိုရှည်ပြီးပိုပြည့်လာတဲ့ အဲ့ကလေးက ဒဏ်ရာတွေမကျက်သေးမှာကို သူသိပ်စိတ်ပူတာပဲ။ ဒါပေမယ့် မဖြစ်နိုင်လောက်ပါဘူးလေ။ ဆယ်နှစ်တောင်ရှိခဲ့ပြီပဲ။

Dry leaf in my DiaryWhere stories live. Discover now