Part 14

140 16 2
                                    

အချစ်လို့ခေါ်တဲ့ အကြောင်းပြချက်တစ်ခုမှာ အကြောင်းပြချက်မဲ့စွာ ရူးသွပ်ခဲ့ကြဖူးတယ်မလား။ အချစ်လို့ခေါ်တဲ့ နာကျင်ခြင်းတစ်ခုမှာ နာကျင်ပြီးရင်းနာကျင်နေတာတောင် နစ်မြုပ်ခဲ့ဖူးတယ်မလား။

အချစ်မို့လို့နဲ့တူပါတယ် အကိုရယ်။ နာကျင်စွာရူးသွပ်နေမှန်းသိရဲ့နဲ့တောင် မလွှတ်ချပစ်ချင်တာမျိုး။

.....................

စာမေးပွဲနောက်ဆုံးနေ့...။ သူများတွေအတွက်တော့ ပျော်စရာပေမယ့် သူတို့လေးယောက်အတွက်တော့ မျက်ရည်ကျကြရတဲ့နေ့ပါပဲ။ နောက်နှစ်လနေရင်သွားရတော့မယ့် အကို့အတွက် ကျကြရတဲ့မျက်ရည်ဆိုလဲ မမှားဘူးပေါ့။

"မသွားခင် ငါတို့နေ့တိုင်းတွေ့ကြရကွာ... နော်..."

အကို့ရဲ့အင်္ကျီစကိုဆွဲရင်း ပြောနေကြတဲ့ အတွဲက တကယ့်ကိုကလေးဆိုးကြီးတွေလို။ သူကတော့ သူ့ရင်ထဲကဆုံးဖြတ်ချက်တစ်ခုကြောင့် သာသာလေးသာငြိမ်နေလိုက်ပါသည်။

ဖြေနိုင်တယ်ဆိုတာထက်ပိုတဲ့ အခြေနေကြောင့်အိမ်ကို ပေါ့ပါးသွက်လက်စွာပြန်ခဲ့တယ်။ အကိုကတော့ ဟိုနှစ်ယောက်ကိုချော့ဖို့အတွက် ဒီနေ့သူ့ကိုအိမ်ပြန်လိုက်မပို့နိုင်ခဲ့ပါဘူး။ ဒါပေမယ့်လဲ သူတစ်ယောက်ထဲစိတ်ကူးယဉ်ပြီး အိမ်ကိုပြန်လာခဲ့ပါတယ်။

ပျော်ရွှင်မှုတွေအနားသတ်ထားတဲ့ စိတ်ကူးယဉ်ဘောင်ကျဉ်းကျဉ်းလေးမှာ ပျော်မွေ့နေတဲ့ စက်ဘီးဝါလေးက လမ်းမကြီးတစ်လျှောက်လုံးကို ပေါ့ပေါ့ပါးပါးကျော်ဖြတ်ခဲ့လေရဲ့။

...................

ကိုယ့်အတွေးနဲ့ကိုယ်လေလေးတချွန်ချွန်နဲ့ အိမ်ထဲဝင်လာရင်း ဖိနပ်စင်မှာမတွေ့ဖူးတဲ့ဖိနပ်တွေ တွေ့လိုက်တော့ သူနည်းနည်းတော့ကိုယ်ရှိန်သတ်လိုက်တယ်။ ဧည့်သည်တွေရှေ့မှာ သိပ်ကို Smart ကျတဲ့ ကျောင်းသားလေးလုပ်ဖို့ပေါ့။ မျက်နှာပိုးကိုသတ်ရင်း ဧည့်ခန်းထဲကိုဝင်လိုက်တော့မှ သူ့အတွေးတွေက တက်တက်စင်အောင်လွဲသွားခဲ့မှန်းသိလိုက်တယ်။

ဧည့်ခန်းထဲမှာ မိန့်မိန့်ကြီးတွေထိုင်နေခဲ့တာဟာ သူ့ဒယ်ဒီနဲ့မာမီ ဖြစ်နေလို့ပါပဲ။

Dry leaf in my DiaryWhere stories live. Discover now