Part 6

142 19 0
                                    

အဖြေမသိခဲ့တဲ့ ခံစားချက်တွေရဲ့ နောက်ကွယ်မှာ အကိုရှိနေတယ်ဆိုတာကို ကျနော် မဟုတ်ပါဘူးလို့ပဲ ညာပစ်ခဲ့ပါတယ်...

ဆုံတွေ့ခြင်းရဲ့နောက်ကွယ်က ဝေးကွာရခြင်းတွေကို ကျနော်သဘောမကျလို့ပါ အကို...။

....................

ပုံမှန်ကျောင်းတက်ရက်တွေကို ပြန်ရောက်ပြီးနောက်မှာ သူတို့တတွေဟာ အရင်အတိုင်းမပြောင်းမလဲ ပျော်မြဲပျော်ဆဲ။ သူတို့နဲ့ရန်ဖြစ်ခဲ့တဲ့ ကျောင်းသားသုံးယောက်က ကျောင်းနားခံလိုက်ရပြီး သူတို့ကတော့ ကျောင်းဆင်းရင်မပြန်ရဘဲ တစ်နာရီတိတိ ကျောင်းတွင်းသန့်ရှင်းရေးလုပ်ဖို့ တာဝန်ခံလိုက်ရလေတယ်။ ဆရာကြီး... ဆရာကြီး... ဒဏ်ပေးလိုက်တာလား... ဆုပေးလိုက်တာလားတောင် မသဲကွဲတော့ဘူး။ တစ်နေ့ထက်တစ်နေ့ တူတူရှိချိန်ပိုများလာလေ ပိုပိုပြီးပျော်ဖို့ကောင်းလာလေလေပါပဲ။

ဟိုအကောင်းစားသူငယ်ချင်းနှစ်ယောက်ကလဲ သူတို့သန့်ရှင်းရေးလုပ်နေတဲ့အချိန်မှာ မပြန်ဘဲအတူတူနေပေးကြပါတယ်။ ကူညီပေးကြမလား မှတ်တယ်။ နှစ်ယောက်သား အအေးသောက်လိုက် မုန့်စားလိုက်နဲ့ သူတို့နှစ်ယောက်ကို ထိုင်အားပေးနေကြတဲ့သူငယ်ချင်းတွေရယ်ပါ။ တော်တော်လေးကို အားကိုးရပါတယ်။ ဟုတ်ကဲ့။ အဲ့လိုသူငယ်ချင်းမျိုးဝယ်ချင်တဲ့သူရှိရင် Jaeminဆီကို ကြွခဲ့ပါ။ အချိန်မရွေးရောင်းပါမယ်နော်။

ကျောင်းကသစ်ရွက်တွေဆိုတာကလဲလေ ကြွေလိုက်ကြတာ... တဖြုတ်ဖြုတ်ပဲ။ ဘယ်တော့မှ မပြီးနိုင်မစီးနိုင်တဲ့ တာဝန်ကိုလက်ခံပြီးနောက်ပိုင်းမှာ သူနဲ့အကိုနဲ့ကလဲ ပိုပြီးနီးကပ်လာခဲ့ကြပါတယ်။

"အကို... ဒီဒဏ်ရာကို မြင်တိုင်း ကျနော်တော့ အားနာနေမိတော့တာပဲ..."

ကျောင်းယူနီဖောင်းအပေါ်ထပ်ကို ချွတ်ပြီး ရှပ်အဖြူကိုလက်တစ်ဝက်ခေါက်တင်ထားတဲ့ အကို့ရဲ့ဘယ်ဘက်လက်မှာ ကန့်လန့်ဖြတ်အမာရွတ်က အထင်းသား။

"အကိုကတော့ ဒီဒဏ်ရာကို မြင်တိုင်း Jaeminကို သတိရနေမှာမို့လို့ သဘောကျပါတယ်..."

ပြောသွားတာတော့ ရိုးရိုးလေးပဲ။ ဒါပေမယ့် အဓိပ္ပာယ်တွေအမျိုးမျိုးရှိနိုင်တယ်ဆိုတာ အကိုစဉ်းစားမိပါရဲ့လား။ ဆံပင်ကိုအနောက်ကို သပ်တင်တတ်တဲ့ အကို့ရဲ့အကျင့်တစ်ခုကိုလဲ ကျနော်ဟာအလိုအလျောက် မှတ်သားမိခဲ့တယ်။ အမြဲတမ်းအကောင်းဘက်ကနေပဲ တွေးပေးတတ်တဲ့အတွေးအမြင်တွေ ပြီးတော့ အကို့ရဲ့ကြင်နာတတ်တဲ့ အပြုအမူတိုင်းကိုလဲ ကျနော်က သဘောကျခဲ့တယ်။

Dry leaf in my DiaryWhere stories live. Discover now