*7*

8.9K 859 184
                                    

ဧည့်ခန်းကျယ်ကြီးထဲတွင် လူစုံတက်စုံ။ ရိပေါ်တို့ သားဖသုံးယောက်လဲ ရောက်နေသလို၊ အဒမ်တို့ သားအမိလဲ ရှိသည်။ ဆိုဖာ၏ ထိပ်ဆုံးတွင် မားက ထိုင်နေကာ ညာဘက်ဘေးတွင် ဦးက ထိုင်၏။ ဦး၏ ဘေးတွင်တော့ အန်တီလီက နေရာယူကာ၊ အနောက်ဘက်က ဆိုဖာတွင် တီ‌လျဲ့က တစ်ယောက်ထဲ ထိုင်သည်။

ဦးတို့၏ မျက်နှာချင်းဆိုင်ဆိုဖာတွင် ရိပေါ်တို့ သားဖသုံးယောက်နှင့် အဒမ်က ထိုင်၏။

*တရုတ်ကို ပြန်မလာတာကြာလို့လား မသိဘူး အများကြီး ပြောင်းလဲသွားတယ်နော်*

*ဟုတ်တယ် လျဲ့ရေ..ဒီမှာ ငါတို့ငယ်ငယ်တုန်းကဆို ကားတဝီဝီနဲ့ ရှုပ်ယှက်ခတ်နေတာ။ အခုများတော့ ကြည့်ပါအုံးအေ*

မေမေက တီလျဲ့စကားကို ထောက်ခံကာ အန်တီလီကတော့ ရယ်လျက် ခေါင်းညိမ့်သည်။ ရိပေါ် မသိမသာဖြင့် ဦးဆီ လှမ်းကြည့်လိုက်သည်။ T-SHIRT fit sizeအဖြူအား စတ်ုလ်ပန်အနက်ဖြင့် တွဲဝတ်ထားကာ လက်တွင် တန်ဖိုးကြီး လည်သာနာရီတစ်လုံး ဝတ်ဆင်ထားပြီး စကားဝိုင်းကို နားထောင်သူ တစ်ယောက်အနေနှင့်သာ နားထောင်နေပုံပင်။

*ဒါနဲ့..ရိပေါ်လေးတောင် ဒီအရွယ်ရောက်လာပြီနော်။ ငါပြန်လာတုန်းက အသက်၁၃လောက်ပဲ ရှိအုံးမယ်။ အသက်လေးသာ ကြီးလာတယ် လူကောင်လေးက သေးသေးလေးပဲ*

*ဟုတ်ပါ့ကွာ..နင်တို့တူက အစားအသောက်ဆိုလဲ ရှောင်တာတွေက များနေတာလေ*

ရိပေါ် လူကြီးတွေ စကားဝိုင်းတွင် ပြုံးနေရုံသာ။ တီလျဲ့က စကားပြောတာ အရင်ကထက် သွက်လာ၏။ ဇာပိတ်ဖြင့် ချုပ်လုပ်ထားသည့် ရင်ပြတ်အနက်အား ကုတ်အနက်ဖြင့် ခြုံထားကာ အောက်က စကပ်အတိုလေးဖြင့်။ ခြေချိတ်ထိုင်ထားပြီး ဆိုဖာနောက်မှီတွင် ထားရှိသော အရုပ်ခေါင်းအုံးလေးအား ပေါင်ပေါ် လှလှပပလေးတင်ထားပုံမှာ အတော်ကို စမတ်ကျနေ၏။

*ညကျရင် ပါတီပွဲရှိတယ်နော်။ အိမ်ပြန်မနေကြနဲ့တော့လေ သားငယ်တို့က ဒီမှာပဲ နေလိုက်ကြ*

တီလျဲ့သည် မား၏ စကားအား ဝင်ထောက်၏။

*မရဘူးလေ မားရဲ့။ အိမ်ပြန်ပြီး ရိပေါ်လေးတို့လဲ အဝတ်အစား လဲချင်မှာပေါ့*

Supernal LoveWhere stories live. Discover now