*9*

9K 924 165
                                    

အဖြူရောင်နှင့် မီးခိုရောင် ကားသုံးစီးသည် ရှောင်အိမ်တော်၏ ခြံဝန်းကျယ်ကြီးထဲသို့ ဆိုက်ရောက်လာကြသည်။ ရှောင်အိမ်တော်၏ မိသားစုဝင်တိုင်းသည် ပြုံးရွှင်ကာ ဧည့်သည်တွေအား ကြိုဆိုနေလေ၏။

ရှောင်မားသည် အဖြူရောင် ဇာပိတ်အား ချုပ်ဝတ်ထားကာ ခါးတွင် တန်ဖိုးကြီးစိန်တစ်ပွင့်အား ခါးပတ်အလှထဲတွင် ထည့်ဝတ်ထား၏။ နားနှင့် လည်ပင်း၊ လက်တွေတွင် ပြိုးပြိုးလက်နေသော စိန်ပွင့်တွေ။ မျက်နှာတွင် နာမည်ကြီး မိတ်ကပ်ဆရာများကို ခေါ်ကာ လိမ်းကျံထား၍ နဂိုရှိရင်းစွဲ အသက်ထက် အများကြီး ငယ်ရွယ်နေလေသည်။

ရှောင်အိမ်တော်၏ သမီးကြီးသည် အဝါရောင် Dressကိုယ်ကျပ်အား ဝတ်ဆင်ထားပြီး ရွှေ‌ဖြင့်ပုံဖော်ထားသော လက်ကောက်၊ ဆွဲကြိုးဒီဇိုင်းများသည် ခေတ်မှီမှီ။ ရှောင်အိမ်တော်၏ သမီးအလတ်သည် အဖြူရောင် Dressဖြင့် ဆံထုံးလေးအား လှလှလေးထုံးကာ ပလက်တီနမ်တွေနှင့်ကြည့် စီခြယ်ထား၏။

ရှောင်အိမ်တော်၏ တစ်ဦးတည်းသာရှိသာ မြေးလေးသည် အနောက်တိုင်း ဝတ်စုံ အဖြူဖြင့် ခန့်ခန့်ညားညား။

အငယ်ဆုံး ရှောင်အိမ်တော်၏ သား ရှောင်းကျန့်သည် အနောက်တိုင်းဝတ်စုံ အနက်ဖြင့် တည်တင်းနေသော မျက်နှာတွင် နဂိုပုံစံအတိုင်း အရယ်အပြုံးမရှိပေ။ လက်တွင် တန်ဖိုးကြီးနာရီတစ်လုံးသာ ဝတ်ဆင်ထားပြီး ဆံပင်တိုကပ်ကပ်အား သေချာဖြီးသင်ထား၏။

*လာကြပါနော်..အိမ်ထဲဝင်ကြပါ*

*အမကို အခုမှမြင်ဖူးပေမယ့် နုလိုက်တာနော် အမက*

*ညီမလဲ အတူတူပါပဲ*

အိမ်ထဲသို့ စကားတပြောပြောနှင့် ဝင်လာကြသော နှစ်ဖက်မိဘများ။ ဂျက်၏ မိဘတွေသည် စကားပြောတတ်ပုံရကာ အဒမ်နှင့် ရွယ်တူလောက်သာ ရှိသော ကောင်မလေးတစ်ယောက်လဲ ပါလာ၏။

ကြည့်ရတာ ဂျက်၏ ညီမဖြစ်ပုံရ၏။

*လာ ထိုင်ကြပါအုံး။ ခနနေမှ နေ့လည်စာ စားကြတာပေါ့လေ*

ဆိုဖာပေါ်တွင် အသီးသီးနေရာယူကြ၏။ နှစ်ဖက်မိဘတွေသည် ပိုက်ဆံရှိ အသိုင်းအဝိုင်းကမို့ အနေအထိုင်တွေသည် ဝံ့ကြွားနေကာ စကားလုံးတွေက သားရေးသမီးရေးထက် လုပ်ငန်းပိုင်းတွေကို သွားကြပြီး ကျွန်မသားက ဘယ်လောက်တော်ကြောင်း၊ ကျွန်မသမီးက ဘယ်လောက်ထူးချွန်ကြောင်း ကြွားဝါနေ၏။

Supernal LoveWhere stories live. Discover now