*8*

8.7K 851 82
                                    

*သားငယ်..ဒီပန်းတွေက ညနေထိ ထားလို့ရတယ်မလား*

*ဟုတ်ကဲ့..ရပါတယ် မား*

ရှောင်အိမ်တော်က လူတော်တော်များများ အလုပ်ရှုပ်နေကြ၏။ မနက်ဖြန် တီလျဲ့ ကောင်လေး၏ ဆွေမျိုးတွေလာမှာဆိုတော့ ယခုမနက်ကထဲက အားလုံး ပြင်ဆင်နေကြခြင်းပင်။

ထိုသူတွေက ညအိပ်မှာဆိုတော့ အကုန်လုံးက အိပ်ခန်းတွေ ပြင်ဆင်နေရသလို ချက်ပြုတ်ဖို့ အသီးအနှံတွေ တစ်ခါထဲ ဝယ်နေရလေသည်။ ရှောင်အိမ်တော်ကြီးက ကျယ်ဝန်း၍ ၅ယောက်၆ယောက်လောက် လာနေတာက ပြဿနာမဟုတ်ပေ။

တီလျဲ့က သူ့ကောင်လေးကို အတော်ချစ်ပုံရပြီး မျက်နှာမပျက်ချင်ပါဘူးပြောထား၍ မေမေတို့ရော၊ မားတို့ရော၊ အန်တီလီတို့ကပါ ဝိုင်းအလုပ်ရှုပ်နေရတော့သည်။ တီလျဲ့ကတော့ သူ့ကောင်လေးနဲ့ သွားတွေ့သည်တဲ့။

*မား..ဒီပန်းကလေ ညနေမှ ချိုးရင် ညှိုးသွားတတ်လို့ အခုကထဲက သားချိုးလာတာ။ ဒါကို ရေစိမ်ထားပြီး မနက်ဖြန်မနက်မှ ပန်းအိုးပြင်ရင် ပိုလှတယ်။ သား အငုံမပွင့်တပွင့်လေးတွေ အရင်ခူးလာတာ*

*ကျေးဇူးတင်ပါတယ် သားရယ်*

အခုမှ လူကြီးတွေအားလုံး နားရ၏။ ရိပေါ် ဒီအိမ်မှာ ရှိနေသည့်တစ်လျှောက်လုံး ဦးသည် အပေါ်ထပ်က ဆင်းမလာခဲ့ပါ။

*သား ဦးကို သွားခေါ်ပေးအုံး။ လာကြည့်ပေးပါအုံးလို့..မားတို့ပြင်ထားတာတွေ သဘောမှကျပါ့မလားလို့*

*ဟို..ဦးက သူ့အခန်းထဲမှာမလား မား*

အအေးသောက်နေသည့် မားက လက်ကာပြသည်။ မေမေနဲ့အန်တီလီက နေ့လည်စာ စားဖို့ မီးဖိုခန်းထဲတွင် အိမ်အကူကောင်မလေးတွေနဲ့ ချက်ပြုတ်နေလေသည်။

*အနောက်က ပန်းခြံထဲမှာ။ စာအုပ်ဖတ်နေတာ..ဒီမှာဆူလို့ဆိုပြီး*

*အော် ဟုတ်ကဲ့ မား*

ရိပေါ် အီလေးဆွဲကာ ထလာပေမယ့် ဦးဆီသို့ ခြေလှမ်းတွေက လှမ်းနေလေပြီ။ ဦးတို့အိမ်အနောက်ဘက်တွင် အတော်အသင့် ကျယ်ဝန်းသော ပန်းခြံရှိ၏။ ထိုပန်းခြံထဲတွင် သစ်ပင်ကြီးတွေဖြင့် အုပ်ဆိုင်းနေသည့်နေရာလဲရှိကာ အခြားနေရာက ပန်းပင်တွေ၊ စိုက်ပျိုးပင်တွေ ဖြစ်သည်။

Supernal LoveWhere stories live. Discover now