*35*

12.5K 919 235
                                    

တစ်ခွက်လောက်သောက်ရအောင်ဆိုပြီး ရှောင်းကျန့်ဖိတ်ခေါ်လိုက်သည့် လျဲ့လီယောကျာ်းသည် ပြုံးရွှင်နေသည့် မျက်နှာဖြင့် ရှောင်းကျန့်ရှေ့ ရောက်လာ၏။

*ကိုယ့်ကိုခေါ်တယ်ဆိုတော့ ဟုတ်ကောဟုတ်ရဲ့လားလို့ကွာ*

*ဟုတ်ပါတယ်.! ကျွန်တော်ခေါ်ခိုင်းလိုက်တာ။ တစ်ခွက်လောက် အတူတူသောက်ချင်လို့လေ*

ရှောင်းကျန့်သည် ဖန်ခွက်လှလှလေးထဲ အရက်အချို့ကို လောင်းထည့်လိုက်သည်။ ဂျက်သည် ဖုံးဖိမရသော ပျော်‌ရွှင်မှုတွေဖြင့် ရှောင်းကျန့် ကမ်းပေးသော အရက်ကို တစ်ချိုက်ထဲ မော့ချပစ်သည်။

*ထည့်နော် ဂျက်။ ကျွန်တော်က ဂျက်နဲ့အတူ သောက်ချင်လို့*

*ကျေးဇူး ရှောင်းကျန့်ရာ*

ဂျက်သည် တစ်ခွက်ပြီးတစ်ခွက်သောက်သည်။ ရှောင်းကျန့်ကသာ တစ်ခွက်ထဲကိုပင်ဇိမ်ယူပြီးဆွဲသောက်နေတာမို့ ဖန်ခွက်ထဲက အရက်အချို့က မကုန်သေး။ အရာယွင်းသည်ဆိုရုံသာ။

*ဒါနဲ့*

ရှောင်းကျန့်ကို အရက်လောင်းထည့်ရင်း ဘာလဲဆိုကာ မော့ကြည့်နေသော ဂျက်။ ရှောင်းကျန့်သည် ခြေချိတ်ထိုင်ထားသော ပေါင်ပေါ်သို့ လက်နှစ်ဖက်ကို ယှက်တင်ထားပြီး မျက်နှာတွင် အပြုံးမမည်သော အပြုံးကို ချိတ်ဆွဲထားလေသည်။

*မေဘယ်လ်က တော်တော်ချစ်စရာကောင်းတာနော်*

*ဟားဟား..နောက်ဆုံးတော့ မင်းလဲ အဲ့လိုမြင်နိုင်ပြီပေါ့။ မေဘယ်လ်က သိပ်ချစ်စရာကောင်းတာကွ။ ဒါနဲ့ မေဘယ်လ်ကို မင်း သဘောကျနေပြီလား*

ရေချိန်မှန်နေသည့် ဂျက်သည် လက်ညှိုးတွေ ဟိုထိုးဒီထိုးဖြစ်နေလေပြီ။ ပြီးနောက် ရှောင်းကျန့် မျှော်လင့်နေသော စကားတစ်ခွန်းအား ပြောလာလေသည်။

*မင်းကိုရဖို့လေ ငါတို့မှာကွာ ကြိုးစားလိုက်ရတာ။ အခုတော့ အောင်မြင်တယ်လို့ ပြောရတော့မှာပေါ့*

*ဒါပေါ့..ဒါပေါ့*

ရှောင်းကျန့်သည် ခပ်မျှင်းမျှင်းရယ်ကာ ဂျက်နှင့် အရက်ခွက်ချင်းတိုက်လိုက်သည်။ မျက်နှာတွင်တော့ ကြောက်မက်ဖွယ် အပြုံးက ဖြစ်တည်လာခဲ့သည်။

Supernal LoveWhere stories live. Discover now