Final

14.5K 891 156
                                    

အိမ်ပေါ်ပြန်ရောက်လာသည့် ရှောင်ညီအမနှစ်ယောက်သည် မျက်နှာငယ်တွေဖြင့်။ ရိပေါ်၏ အဖေနဲ့အမေကိုလဲ ခေါ်ထားသလို အဒမ်ကိုလဲ အပြင်မသွားခိုင်းသေးပဲ ဒီစကားဝိုင်းတွင် ထိုင်ခိုင်းထားသည်။

အဒမ်ကကျ ပြတ်သား၏။ သူ့အမေကို ပြန်မခေါ်ဖို့ ပြောထားပေမယ့် ရှောင်းကျန့်တို့က ခေါ်ပါမယ်ဆိုပြီးလုပ်၍သာ ဘာမှမပြောတော့တာပင်။ ဒါတောင် ရိပေါ်ကို ထိုလိုခေါ်ခိုင်းရမလားဆိုပြီး ဒေါသထွက်နေသေး၏။

*ဒီအိမ်ကို ငါတို့ ပြန်ခေါ်တာ မဟုတ်ဘူး။ သားငယ်လေးက ညည်းတို့လဲ အသိတရားရလောက်ပြီထင်လို့ ပြန်ခေါ်လိုက်တာ*

*ကျေးဇူးတင်ပါတယ် ရိပေါ်လေး*

ရိပေါ်မှာ ထိုလိုကြီးအပြောခံရတော့လဲ မနေတတ်ပေ။ တီတီတို့နဲ့က ငယ်ငယ်ကထဲက နေလာပြီး ကိုယ့်အဒေါ်တွေလို ဖြစ်နေတော့ ‌ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကို နားမယဉ်။

မျက်နှာငယ်တွေနဲ့ ငုံ့ထားသော ခေါင်းတွေကိုလဲ မကြည့်ရက်။ ဖေဖေနဲ့ မေမေကတော့ ထိုင်ရာကနေ ထကာ သူ့ညီမတွေအနား သွားထိုင်သည်။ ဦးသည် တည်တင်းနေသော မျက်နှာဖြင့် အခုထိဒေါသထွက်နေဆဲဆိုတာ သိ၏။

*အိမ်ကိုပြန်ရောက်လာပြီမို့လို့ ပြဿနာတွေ မရှာဖို့တော့ ငါ မေတ္တာ ရပ်ခံတယ်။ လျဲ့လီလဲ ဒီတစ်ခါ နောက်အိမ်ထောင်ပြုမှာဆို အမွေခွဲပြီး အိမ်ကနေ ခွဲထွက်ရမယ်*

အန်တီလျဲ့သည် ဦး၏ စကားကြောင့် ခေါင်းကို အခါခါ ခါရမ်းကာ

*ငါ အိမ်ထောင်မပြုတော့ပါဘူး ရှောင်းကျန့်။ ငါ့အမှားတွေလဲ ငါသိပါပြီ။ဒီမိသားစုနဲ့ပဲ ပျော်ပျော်ရွှင်ရွှင် နေပါတော့မယ်ဟာ*

*အဲ့တာ နင့်သဘောပဲ*

ဦးသည် အပိုအလို မရှိသော စကားကို ပြောကာ မျက်နှာကို တင်းမာနေအောင် တည်ထားဆဲ။ ရိပေါ်မှာ ဦး၏ လက်ကို အသာဆုပ်ညှစ်လိုက်တော့ ငုံ့ကြည့်လာသည်။

*မျက်နှာကြီးက ဘယ်လိုကြီးနေနေတာလဲ*

*ဘယ်လို နေနေလို့လဲ*

ကလေးကြီးလိုပင် စူပုပ်ပုပ်နဲ့ ပြောလာသည့် လူကြီးကြောင့် ရိပေါ်မှာ ခွီးခနဲ ရယ်မိမလို။ ရိပေါ်ကို မကြည်သလို ကြည့်လာပြီးမှ မျက်နှာကို ဖြေလျော့ပေး၏။

Supernal LoveWhere stories live. Discover now