*27*

9.4K 787 318
                                    

*ရိပေါ်လေး..မုန့်လေးစားပါအုံးနော်*

*မောင်လေး ကော်ဖီသောက်မလား*

ရိပေါ် ခေါင်းလေးကုပ်ကာ မေးလာသမျှကို ခေါင်းသာ ရမ်းပြနိုင်၏။ မျက်နှာလေးကလဲ မဲ့ရှုံ့ရှုံ့လေးဖြစ်နေကာ စားပွဲပေါ်မှ မုန့်တွေကို ကြည့်ပြီး အားနာရ၏။

ဟိုကိစ္စတွေ ဖြစ်ပြီးတော့ ရိပေါ်နှင့် ဦး၏ ပတ်သတ်မှုကို အကုန်လုံးကို သိကုန်ကာ ရိပေါ်ကို မြင်လျှင် ခေါင်းတွေ ငုံ့သွားကြသည်။ ရိပေါ်ကိုဆို အလုပ်လဲ သိပ်မခိုင်း။ သူတို့ဘာသာပဲ လုပ်သွားကာ ရိပေါ်က ထိုင်ပြီး မုန့်စားနေရုံ။

*အကိုလေး*

ဌာန၏ ဝင်ပေါက်ကနေ လှမ်းခေါ်လိုက်သည့် ဦး၏ အတွင်းရေးမှူးကြောင့် ရိပေါ် ခပ်မြန်မြန်ထကာ ထိုအကို့နား သွားလိုက်သည်။

*ဘော့စ်က သူ့ဆီလာခဲ့ပါအုံးတဲ့*

*ဟုတ်ကဲ့ အကို*

ရိပေါ် ခေါင်းညိမ့်ပြကာ ထိုအကို့နောက်က လိုက်လာခဲ့သည်။

*ရိပေါ်လေးက တစ်ကယ်နေတတ်တာဟယ်။ ဟိတ်ဟန်လဲ မရှိဘူးနော်*

*အေးဟယ်..တော်တော်ကို အေးဆေးတဲ့ ကလေးပဲ*

ရိပေါ်နောက်နားက ထွက်လာသည့် အသံတွေကိုတော့ ရိပေါ် မကြားတော့ပေ။ ဦး၏ အခန်းရှေ့ရောက်သည်နှင့် တံခါးခေါက်လိုက်သည်။ အထဲက ဝင်ခဲ့ဆိုမှပင် ရိပေါ် ဝင်သွားကာ အတွင်းရေးမှူးအကိုကတော့ တံခါးပြန်ပိတ်ပေးသွား၏။

ဆုံလည်ထိုင်ခုံပေါ်တွင် ထိုင်နေသော ဦးသည် ထုံးစံအတိုင်း ဖိုင်တွေကြားထဲ ခေါင်းနှစ်နေသည်။ မေမေတို့ပြောသလို အလုပ်မလုပ်ရရင်ကို မနေနိုင်တော့တာမျိုးဖြစ်လိမ့်မည်။ တစ်သက်လုံးတင်မက ဆယ်သက်စားမကုန်တဲ့ စည်းစိမ်တွေ ရှိနေတာတောင် ဦးက နားနားနေနေမနေပေ။

*ကလေး..ထိုင်အုံးနော်*

*ဟုတ်ကဲ့*

ရိပေါ်ဆိုဖာတွင် ငြိမ်ငြိမ်လေး ဝင်ထိုင်ကာ စားပွဲပေါ်မှ ပန်းခြင်းလေးကို အသာဆွဲယူပြီး ပြုံးကာ ကြည့်လိုက်သည်။ ဒီပန်းခြင်းလေးက ရိပေါ်ကိုယ်တိုင် လုပ်ပေးထားခြင်းဖြစ်သည်။ နိုင်ငံခြားနှင်းဆီနှင့် ကျူးလစ်အချို့ကို ရောကာ သစ်ခွနဲ့ အလှဆင်ထားခြင်းဖြစ်သည်။

Supernal LoveWhere stories live. Discover now