*29*

7.6K 719 229
                                    

ဟိုတယ်အခန်းတစ်ခုထဲတွင် အိပ်ပျော်နေသော ကောင်လေးတစ်ယောက်။ အပြင်လောကနှင့် အဆက်အသွယ် ပြတ်နေသလို အိပ်နေသည်မှာ မလှုပ်မယှက်။ ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော အဝတ်အစားအချို့သည် ကုတင်အောက်သို့ ပြန့်ကြဲကျနေ၏။ ခန္ဓာကိုယ်ပေါ်တွင်တော့ စောင်အဖြူကြီးတစ်ထည်တော့ လွှမ်းခြုံပေးထား၏။

*တစ်ကိုယ်လုံးက ထိရက်စရာ မရှိဘူးကွာ*

ရိပေါ်၏ နဖူးထိပ်လေးကနေ နှာတံလုံးလုံးလေးအထိ ပွတ်ဆွဲလာသော ယွမ်ဖုန်း၏ လက်ညှိုး။ ထို့နောက် ပါးပြင်လေးအား ခပ်ဖွဖွ ပွတ်သပ်ကာ

*ရွှတ်*

သူ ရှိုက်ကာ နမ်းရှိုက်မိ၏။ ရိပေါ်ဆီမှ အရက်နံ့နှင့် ကိုယ်သင်းနံ့သင်းသင်းလေးက သူ့ကို ရီဝေသွားစေသည်။ ထို့နောက် နှုတ်ခမ်းလုံးလုံးလေးအား လက်ဖြင့် အသာပွတ်ဆွဲလိုက်သည်။

အိထွေးနေသော အရသာလေးက သူ့ကို မျက်လုံးတွေ မှိတ်သွားစေသည်အထိ။

*တစ်ခါမှမထိတွေ့ဖူးတဲ့ အစိတ်အပိုင်းလေးကို အဝသာ ကိုက်စားလိုက်ရရင်ကွာ*

ရိပေါ်၏ နှုတ်ခမ်းရဲရဲလေးအား ကြည့်ကာ ပြောလာသည့် စကားအချို့။ ထို့နောက် တစွန်းတစ မြင်နေရသည့် ပုခုံးသား နုနုလေးအား နှာတံဖြင့် တိုးဝှေ့ကာ ရိပေါ်၏ ကိုယ်သင်းနံ့ကို သူ ရှူရှိုက်သည်။ ထို့နောက်တွင်တော့ လက်မောင်းသား အိအိလေးတွေက်ု နမ်းရှိုက်လိုက်၏။

အရသာရှိဆုံးအရာကို နောက်ဆုံးမှ စားရသည်ဆိုသည့် စကားအတိုင်း သူ ရိပေါ်၏ နှုတ်ခမ်းတွေဆီ အကြည့်ရောက်ကာ နမ်းရှိုက်မည်အမှတ်နှင့် တဖြေး ဖြေး ရှေ့သို့ တိုးလာလိုက်သည်။

*Ti..Ti*

ကုတင်ပေါ်တွင် တင်ထားသော ဖုန်းမြည်သံကြောင့် နှုတ်ခမ်းလေးကို နမ်းရခါနီး ဖီးလ်ပျက်သွား၏။ ထို့ကြောင့် ကျစ် ခနဲ စုပ်သပ်ကာ ဖုန်းကို ကိုင်လိုက်သည်။

*သား မင်းအဖေ ရေချိုးခန်းထဲမှာ မူးလဲလို့*

မေ့မေ့၏ အလောတကြီး အသံကြောင့် ယွမ်ဖုန်း ထူပူသွားရသည်။ ခပ်မြန်မြန်ပင် အိပ်ယာပေါ်မှ ထပြီး အပြင်ဘက်တွက် ရပ်စောင့်နေသည့် ဟိုမောင်နှမနှစ်ယောက်ကို သွားခေါ်လိုက်သည်။

Supernal LoveWhere stories live. Discover now