*22*

9.1K 813 104
                                    

*‌မား ကလေးရော*

နေ့လည်စာ ပြန်မစားတော့ဘူးဟု တွေးထားပေမယ့် ရှောင်းကျန့်၏ ခြေလှမ်းတွေသည် အိမ်ကို ဦးတည်နေ၍ နေ့လည်စာကို သူ့အတွင်းရေးမှူးအား မပြင်ခိုင်းတော့ပဲ အိမ်ကိုသာ ပြန်လာခဲ့ရ၏။

ဒီနေ့တစ်မနက်လုံး နိုင်ငံခြားဧည့်သည်တွေနဲ့တွေ့ကာ ကုန်ကြမ်းတွေလဲ ရောက်နေ၍ သူ မအားလပ်။ အစည်းအဝေးပွဲကလဲ ရှိသေး၍ အိမ်ကို ဖုန်းဆက်ချိန်ပင်မရ။

ထို့ကြောင့် ရိပေါ်ရှိရာဆီနေ့လည်ပိုင်းကျရောက်ချလာမိ၏။

*အပေါ်ထပ်မှာပဲလေ။ မား ဆေးတိုက်ထားပြီးပြီ။ ရိပေါ်အမေလဲ လာကြည့်သွားသေးတယ်*

*ဟုတ်*

အောက်ထပ်တွက် ချည်ထိုးနေသော မားအား နှုတ်ဆက်ကာ အပေါ်ထပ်ကို တက်လာခဲ့၏။ မနက်က ကလေးနိုးသွားမည်စိုး၍ သူ တိတ်တဆိတ် အဝတ်အစားလဲ၊ ရေချိုးမှုတွေ ပြုပြီးမှ ထွက်လာခဲ့တာ။ ကလေးကိုလဲ အိပ်ပါစေဆိုပြီး မနှိုးခဲ့။

*ရိပေါ်*

အိပ်ယာပေါ် ခွေခွေလေး လှဲနေသော ရိပေါ် အနား သူ ဝင်ထိုင်လိုက်သည်။ မျက်လုံးတွေ မှိတ်ထား၍ အိပ်နေမှန်း သိတော့ နဖူးလေးကို သူ့ဘာသာပဲ အပူစမ်းရသည်။ ခပ်နွေးနွေး အပူရှိန်က နေမကောင်းမဖြစ်တော့ဘူးဆိုတာ ပြော၏။

*ရိပေါ်..ကလေး*

ရှောင်းကျန့် ရိပေါ်၏ ပုခုံးသားလေးတွေကို အသာကိုင်ကာ လှုပ်နှိုးသည်။ အင်းအဲ လုပ်ကာ မျက်လုံးတွေကို ပွတ်သပ်လာသည့် ကောင်လေးကြောင့် ရှောင်းကျန့် ပြုံးမိသွား၏။

*ဦး*

*အင်း..ကိုယ်။ နေမကောင်းတာ သက်သာလား ပြန်လာကြည့်တာ။ အဖျားတော့ မရှိတော့ပါဘူး။ ကိုယ်လက်တွေတော့ နာနေမှာပေါ့*

ငုတ်တုတ်ထထိုင်လာသည့် ကောင်လေးက ခေါင်းညိမ့်ပြသည်။ Hoodieနက်ပြာလေး ဝတ်ထားသည့် ကလေးငယ်က အဝတ်စားပုံထဲ ဝင်ထိုင်နေသည့် ကလေးလေးလို။

ဆံပင်လေးတွေက ပွယောင်းယောင်းဖြစ်နေကာ နှာခေါင်းထိပ်လေးက ရဲစွေးနေ၏။ မျက်ခမ်းစပ်လေးတွေသည်လဲ နီရဲနေကာ ရှောင်းကျန့်ကိုတော့ ကြည့်မလာပဲ ခေါင်းငုံ့ထား၏။

Supernal LoveWhere stories live. Discover now