*32*

9.3K 768 155
                                    

*သားငယ်လေးရေ*

*ဗျာ..မား*

မွေ့ယာစွပ်တွေအား လဲနေတုန်း အခန်းထဲဝင်လာသည့် မားကြောင့် ရိပေါ် လုပ်လက်စကို ရပ်ကာ မားဆီသို့ အပြေးသွားလိုက်သည်။ ဒီအိမ်မှာ ရိပေါ်အနား ရှိနေသည်က မားတစ်ယောက်ထဲပင်။

အဒမ်ကိုတော့ သူ့ပါးပါး အလုပ်ဆီ လွှတ်လိုက်သည်ကိုလဲ ရိပေါ် တစွန်းတစ ကြားမိပါ၏။ ထိုလိုတွေဖြစ်တော့ အန်တီလီသည် ရိပေါ်ကို အမြင်မကြည်ပုံပင်။ မေမေတို့ဆီ အလည်သွားပြီး ရင်ဖွင့်ချင်ပေမယ့် စိတ်ဆိုးနေသူတွေကြောင့် ရိပေါ် တုပ်တုပ်မလှုပ်ရဲ။

မေမေတို့သည်လဲ ရိပေါ်ကို လျစ်လျူရှုကာ သာကြောင်းမာကြောင်းပင် မမေးသလို ဒီအိမ်ဘက်ကိုလဲ ခြေပင် လှည့်မလာတော့ချေ။

ရိပေါ်တို့မှာ အိမ်ထောင်ရေး ဖောက်ပြန်သည့် ပြဿနာဆိုတာ မရှိခဲ့တော့ မေမေသည် ရိပေါ်ကို အထင်လွဲပြီး စိတ်ဆိုးနေ၏။

*မားနဲ့ မောလ်ခနလိုက်ခဲ့ပါအုံးလား သားငယ်လေး။ မား ဝယ်စရာလေး ရှိသေးလို့*

*ဟို..ဦးက*

ရိပေါ် ဟိုကိစ္စ ဖြစ်ပြီးကထဲက လန့်သွားခဲ့၍ ဘယ်သွားသွား ဦးကို ပြောသွားရမည်ဆိုတဲ့ အသိက ခေါင်းထဲ ဝင်နေ၏။

*ရတယ် မား ဖုန်းဆက်လိုက်မယ်။ သားငယ်လေး သာ ပြင်ဆင်ပြီး ဆင်းခဲ့လိုက်လေ။ ဒါတွေက အိမ်အကူ ကောင်မလေးတွေ လုပ်ပါစေကွယ်။ မေမေ အိမ်အကူကောင်မလေးတွေ လွှတ်လိုက်မယ်*

*ဟုတ်ကဲ့ မား*

ဦးသည် ရိပေါ် မနှိုးခင်ကထဲက အပြင်ထွက်သွားခြင်းဖြစ်သည်။ ရိပေါ်နဲ့ အတူမရှိချင်မှန်း သိနေ၍ ပြတ်သားသည့် ကိစ္စတစ်ခုကိုတော့ ရိပေါ် ဦးကို ပြောမှ ဖြစ်တော့မည်ပင်။

ထိုအတွေးတွေကို ခနရပ်ကာ အိမ်အကူကောင်မလေးတွေ မလာခင် ရိပေါ် အဝတ်အစား အမြန်လဲလိုက်သည်။ တီရှပ်အပွနဲ့ Short pantကိုသာ ဝတ်ဆင်လိုက်ခြင်းသည် ဘာမှပြင်ဆင်လိုသည့် စိတ်မရှိ၍။

*ပြီးပြီလား သားငယ်လေး*

*ဟုတ်ကဲ့*

အောက်ထပ်တွင် ရပ်စောင့်နေသည့် မားကြောင့် ရိပေါ် အားနာသွားသည်။ ဆိုဖာတွင် ထိုင်နေသော အန်တီလီနှင့် တီလျဲ့ကို ကြည့်လိုက်တော့ မမြင်ယောင်‌ဆောင်ကာ တစ်ဖက်ကို လှည့်နေကြ၏။

Supernal LoveWhere stories live. Discover now