Intro

94.6K 3.6K 91
                                    

Uni

ကမ်ဘာတစ်ဝန်းမှာ လူတွေရဲ့ဉာဏ်စဉ်နဲ့လိုက်မမီနိုင်တဲ့ အရာပေါင်းများစွာရှိနေသလို ထိုအရာတွေထဲက အဖြစ်အပျက်တစ်ခုဟာ သူနဲ့ တိုက်ရိုက်လာသက်ဆိုင်နေတယ်။

ဘယ်သူထင်ထားခဲ့မှာလဲ...။ဒီပြဇာတ်မှာသူဝင်ကရလိမ့်မယ်လို့။သူကိုယ်တိုင်ကလည်းမထင်ခဲ့ဘူး။

ဒါပေမဲ့ ယုံကြည်စရာမကောင်းလောက်တဲ့အထိပဲ။
သူကိုယ်တိုင်လွယ်မွေးထားပြီး ရင်ငွေ့နဲ့သားဖောက်ခဲ့ရတဲ့ ကလေး၃ယောက်အပြင် ယောကျာ်းတစ်ယောက်ကတောင် သူ့ဆီမှာ အပိုဆုအနေနဲ့ အဖတ်ကျန်နေခဲ့တယ်။

(တစ်ခေတ်ဖျားPov)

*အစပျိုးခြင်း (သို့မဟုတ်) နိဒါန်း*

အဖြူရောင်အိမ်တော်၏ကိုးကွယ်ခြင်းခံရသော နတ်ဘုရားမ၏ ရှေ့တော်မှောက်ရှိကျောက်ဖြူပြားထက်တွင် တလဲ့လဲ့တောက်နေသည့် အဖြူရောင်မြွေဥ နှစ်လုံးက အစီအရီရှိနေလေသည်။

နောက်ထပ်ကျောက်ပြားဖြူထက်ဝယ်လည်း အဖြူရောင်မြွေဥရှစ်လုံးရှိနေလေသည်။

အိမ်တော်၏သခင်ကြီးမှာ တည်ငြိမ်သောမျက်နှာထားနှင့် ထိုဥများကို မမှိတ်မသုန် စိုက်ကြည့်နေသည်။

သခင်ကြီးဘေးရှိ သခင်မလေးနှစ်ဦးမှာမူ သူတို့၏ဘဝကိုအဆုံးအဖြတ်ပေးမည့် ထိုပေါက်ဖွားခြင်းအား စောင့်စားရင်း စိတ်လှုပ်ရှားနေသောမျက်နှာထားဖြင့် ရပ်နေလေ၏။

သခင်မလေးနှစ်ယောက်၏နာမည်မှာ မေပျိုနန်းနှင့် ဟေသာရီဖြစ်သည်။

တဖြည်းဖြည်းနှင့် လ၏အလင်းရောင်အမြင့်ဆုံးအချိန်သို့ရောက်ခါနီးတွင် အနောက်ဘက်ရှိစီတန်းကာရပ်နေသော အေစခံများကအစ လှုပ်လှုပ်ယွယွဖြစ်လာကြသည်။

ထိုစဉ်မှာပင် သခင်မမေပျိုနန်းရှေ့ရှိ မြွေဥ ရှစ်လုံးထဲမှ သုံးလုံးမှာ တဖြည်းဖြည်းအက်ကွဲလာသည်။

"ထွက် ထွက်လာပြီ"

"ရှူး..."

အံ့သြစရာကောင်းလောက်အောင် တိတ်ကျသွားသောအချိန်ဝယ် အနီအနက်စပ်ကြား အရေခွံခြုံလွှမ်းထားသည့် ကလေးငယ်သုံးဦးမှာ ရှေ့ဆင့်နောက်ဆင့်မွေးဖွားလာတော့သည်။

သခင်ငယ်လေးရဲ့ကြင်ယာတော်က ကိုယ်ဝန်နဲ့တဲ့Where stories live. Discover now