26.🐍

17.4K 1.7K 154
                                    

တစ်နှစ်ဟူသောကြာချိန်နှင့်အတူ တစ်ကျြော့ပန်ရောက်ရှိလာသောဒီဇင်ဘာသည် ယခင်နှစ်ကထက်ပင် အအေးသက်ရောက်မှုပိုပြင်းထန်၏။ နှင်းစက်များက ဖွေးဖွေးလှုပ်နေအောင်ကျပြီး လမ်းမထက်တွင်လည်း ဆီးနှင်းခဲများဖြင့်ပြည့်နေသည်။ တချို့ကနှင်းများကိုဖယ်ရှား၍ လမ်းရှင်းနေသလို တချို့သည် အပင်များပေါ်ရောင်စုံမီးသီးများကို အလှဆင်နေသည်။ ကလေးငယ်များကား နှင်းလူသားရုပ်များလုပ်၍ နှင်းလုံးများဖြင့် ပစ်ပေါက်ကစားနေကြသည်။ သေချာသည်က သူတို့အားလုံး အနွေးထည်ထူထူဝတ်ထားကြသည်။

အိမ်ငယ်လေး၏ပြတင်းပေါက်ဘောင်ပေါ်မေးထောက်၍ အပြင်ဘက်ရှိမြင်ကွင်းများကို တစ်ခေတ် ကြည့်နေမိသည်။လွန်ခဲ့သော တစ်နှစ်ဆီက Christmasကို ပြန်အမှတ်ရမိလိုက်သည်။ သူ၏ နှစ်စဉ်Christmasတိုင်းက ပျင်းရြိငီးငွေ့ဖွယ်ရာကောင်းခဲ့သည်။ သို့သော်လည်း နောင်တွင် ရှေးရှုနှင့်သူ သေချာပေါက်ပျော်ခဲ့ကြသည်။

မလွမ်းဘူးဟုဆိုလျှင် လိမ်ရာကျပေမည်။ ရှေးရှုထွက်သွားသည်မှာ တစ်လကျော်နေပြီဖြစ်သည်။ ထိုတစ်လအတွင်း သူဘယ်လိုများ ခက်ခက်ခဲခဲဖြတ်သန်းလာခဲ့ရသလဲ မသိတော့။ သေချာသည်က သူလုံးဝကို ရူးသွပ်ချင်မိခဲ့တာပင်။

မြွေ......။

ဒီတစ်လုံးတည်းသောဝေါဟာရသည် သူ့တစ်သက်တာ မကြားချင်ဆုံးစကားလုံးတစ်ခု။ မြွေဟူသောအသံကြားသည်နှင့် မြွေကိုမြင်လိုက်သည်နှင့် လုံးဝကို ဒူးတုန်ကာ ကြောက်ရွံ့မိသည်။ သို့သော် အချစ်ဆုံးလူသားကမူ....

တစ်ခေတ်...ဖြည်းလေးစွာဖြင့် သက်ပြင်းကိုရှိုက်ထုတ်သည်။ နောက်ဆုံးတွင်တော့ အရှိကိုအရှိတိုင်းလက်ခံလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ မြွေနှင့်ပတ်သက်သော အကြောင်းအရာတော်တော်များများကို အင်တာနက်မှရှာဖွေ၍ သူ့ကိုယ်သူ ကယ်တင်ဖို့ ကြိုးစားရမည်။

အနည်းဆုံးတော့ ရှေးရှုက လူပုံစံဖြစ်နေသည်။ သူ့ဗိုက်ထဲက ကလေးများမှာလည်း ထိုသို့သာဖြစ်ပေလိမ့်မည်။ အဆုံးသတ်တွင် ဒါက ဘာမှမဟုတ်ပါချေ။ ကြောက်ရွံ့မှုများပြေလျော့ပြီးလက်ခံလာနိုင်အောင် တွန်းအားတချို့ကို သူကိုယ်တိုင်ဖန်တီးယူရမည်။

သခင်ငယ်လေးရဲ့ကြင်ယာတော်က ကိုယ်ဝန်နဲ့တဲ့Where stories live. Discover now